အသက်ထက်ပို​သော(၁၉)

Start from the beginning
                                    

ခွန်း မျက်ရည်​တွေဝဲကာ ဟက်ခနဲရယ်လိုက်မိသည် ။

"အမှား ... ​တောင်းပန်တယ် ... ဘာစိတ်မှမရှိဘူး ဟုတ်လား"

"ငါ​တောင်းပန်ပါတယ် ၊ ​နောက်ဘယ်​တော့မှမဖြစ်​စေရပါဘူး"

"ထွက်သွား ! ခင်ဗျားထွက်သွား !"

ခွန်း သူ့လက်ကိုဆွဲပြီး သူ့ကိုအခန်းပြင်တွန်းထုတ်ကာ အခန်းတံခါးပိတ်ပစ်လိုက်သည် ။ အပြင်မှာရပ်​နေတဲ့ ဘရဏီကလည်း သူ့ကို​ဒေါသ​တွေနဲ့ကြည့်ပြီးမျက်​စောင်းထိုးကာ ခွန်းရဲ့အခန်းတံခါးကို​ခေါက်လိုက်သည် ။

"ခွန်း ငါပါ တံခါးဖွင့်"

ခွန်းကဘရဏီ့ကို​တော့တံခါးဖွင့်​ပေးသည် ။ မျက်နှာတစ်ခုလုံးနီရဲ​နေတဲ့ ​ကောင်​လေးကိုသူ​မြင်လိုက်ရပါ​သေးသည် ။ ဘရဏီ​ပြောသွားတဲ့
စကားကိုလည်း သူ့နားနဲ့ဆက်ဆက်ကြားလိုက်ပါ​သေးသည် ။

"မုန်းဖို့​ကောင်းလိုက်တာ"

ဘရဏီကသူ့​မောင်​လေးကို သူအခုလိုလုပ်မိလို့သူ့ကိုစိတ်ဆိုးသွားတာ
လား ။ သူဒီ​လောက်​တောင်းပန်​နေတာကို ဘာလို့လက်မခံတာလဲ ။

"မမ ​!"

"မငိုပါနဲ့ဟာ ၊ နင်ငို​တော့ငါလည်းငိုချင်တယ်ဟ"

"အမှားတဲ့ ​တောင်းပန်ပါတယ်တဲ့ သူ့မှာဘာစိတ်မှမရှိပါဘူးတဲ့ ၊ အခု
ခွန်းကအငြင်းခံလိုက်ရတာလား ၊ ခွန်းကတစ်ဖက်သတ်ပဲလား"

ဘရဏီစိတ်ထဲဘယ်လိုမှမ​ကောင်း ။ ခွန်း​ ခံစား​​နေရတာ​တွေများပြီ ။

"နင်မှန်မှန်​ပြောစမ်း ၊ နင်သူ့ကိုကြိုက်​နေပြီမလား"

ခွန်းရဲ့​နေ့စဥ်မှတ်တမ်းစာအုပ်က​လေးကိုခိုးဖတ်မိတဲ့ဘရဏီက ခွန်း
မိုး​သောက်အ​ပေါ်ထားတဲ့ခံစားချက်​တွေကိုသိသွားခဲ့သည် ။ ခွန်းရဲ့
ဒိုင်ယာရီထဲမှာ မိုး​သောက်အ​ကြောင်းကမပါမဖြစ်ပါသည် ။

"မမဘယ်သူ့မှလျှောက်မ​ပြောနဲ့​နော် ၊ သူက ရာရာ့ကိုကြိုက်​နေတာ​လေ ၊ ခွန်းကဝင်ရှုပ်လို့ဘယ်ဖြစ်ပါ့မလဲ"

"​ကောင်ဆိုး​လေး ငါသိသားပဲ ၊ နင်သူ့အ​ပေါ်ကြည့်တဲ့အကြည့်​​တွေကရိုးမှမရိုးသားတာ ၊ ဟားဟား ငါက​တော့​နောက်တစ်တွဲSupportရဦးမယ်နဲ့တူပါတယ်"

အသက်ထက်ပို​သော(Completed)Where stories live. Discover now