အသက်ထက်ပို​သော(၁၆)

Start from the beginning
                                    

"က​လေး ဘာ​တွေရှာ​နေတာလဲ ....."

"ကိုကို ရာရာ့လည်ပင်းမှာ ....."

ရာရာ့လည်ပင်းကအမှတ်အသားကို ကိုကိုမြင်​အောင်လည်ညှိုး​လေးထိုးပြသည် ။ ဟုတ်ပါရဲ့ က​လေးလည်ပင်းမှာ အမှတ်အသားကထင်း​နေတာပဲ ။ က​လေးသူ
ငယ်ချင်း​တွေမြင်သွားပြီထင်ပါတယ် ။ က​လေးသူငယ်ချင်း​တွေ က​လေးကိုဘယ်လိုများထင်မြင်သွားပြီလဲ ။

"လာ ဒီမှာလာထိုင်က​လေး .... ကိုကိုလုပ်​ပေးမယ်"

​ဆေး​သေတ္တာထဲကပလာစတာ​လေးတစ်ခုထုတ်ပြီးက​လေးရဲ့လည်ပင်းအမှတ်
အသား​လေး​ပေါ်မှာကပ်​ပေးလိုက်တယ် ။

"အရင်ဆုံးဒါ​လေးကပ်ထားလိုက်​နော် .... ကိုကိုလမ်း​ရောက်မှလှတာ​လေးဝယ်​ပေးမယ် ​နော် ....."

"ဟုတ်"

"ကိုကို​တောင်းပန်တယ်​နော် ..... က​လေးကိုဂရုမစိုက်မိဘူးဖြစ်သွားတယ် ....."

"မဟုတ်ပါဘူး ..... ကိုကိုကရာရာ့ကိုအရမ်းဂရုစိုက်ပါတယ် ... ဒါဆို ရာရာ​အောက်မှာပဲ​စောင့်​နေ​တော့မယ်​နော် ...."

"​နေပါဦး ..... ကိုကိုက​လေးကိုနမ်းချင်​သေးတယ် ..."

ရာရာ့ရဲ့ပါး​ဖောင်း​ဖောင်း​လေးနှစ်ဖက်ကို ကိုကိုကအားပါးတရ​နမ်းတယ် ။ ရာရာ့ပါး​လေး​တွေနီရဲတက်သွားပြီ ။ ရာရာ ကိုကို့ဆီက​နေမြန်မြန်​ပြေးထွက်လာခဲ့​တော့တယ် ။ ရာရာ့လည်ပင်းကပလာစတာ​လေးကိုမြင်သွားတဲ့မိုး​သောက်က
ချက်ချင်းဧည့်ခန်းထဲက​နေထထွက်သွားတယ် ။ ခွန်းအ​နောက်က​နေချက်ချင်း
လိုက်သွားတယ် ။

"ဘဲကြီး ....."

"ငါ့ကိုဘာမှလာမ​ပြောပါနဲ့ ..... ငါ ရာရာ့ပါးစပ်က​နေ​ပြောတာကလွဲပြီးဘယ်သူ​ပြောတာမှမယုံနိုင်ဘူး ..."

"သ​ဘောပါ .... ဒီ​လောက်ဆိုခင်ဗျားလည်းသိ​နေ​လောက်ပါပြီ ..."

ရာရာ​လေးကိုသူငယ်ချင်း​တွေကဝိုင်းစ​နောက်​နေကြသည် ။ ဘရဏီတို့ဆိုတာ
​သေချာခ​ရေ​စေ့တွင်းကျကို​မေး​နေ​တော့တာပဲ ။ ရာရာ​လေးရှက်လွန်းလို့စကား​တွေကထစ် ဘာ​ပြောလို့​ပြောရမှန်းမသိ ။ ကိုကို​ရောက်လာမှပဲနည်းနည်းစိတ်
သက်သာရာရ​တော့တယ် ။ ကားကဒါရိုက်ဘာနှစ်​​ယောက်သပ်သပ်ပါလာ​တော့ ​အေး​အေး​ဆေး​ဆေးသွားလို့ရသည် ။ မိုး​သောက်နဲ့ခွန်းနဲ့ကတစ်တွဲ ။ ရွှန်းလဲ့နဲ့ဘရဏီကတစ်တွဲ ။ ကိုကိုနဲ့က​လေးကတစ်တွဲ​ပေါ့ ။

အသက်ထက်ပို​သော(Completed)Where stories live. Discover now