အသက်ထက်ပို​သော(၁၅)

Start from the beginning
                                    

"ကိုကို .... ကိုကို စ​တော်ဘယ်ရီစားမယ် ၊ ရာရာ့ကို​ကျွေးပါ"

"က​လေး မနက်ဖြန်ထည့်​ပေးဖို့ကြီးကြီး​ဆွေကဝယ်လာတာဖြစ်မယ် ၊ က​လေးအခုစားရင် မနက်ဖြန်သွားရင်စ​တော်ဘယ်ရီဘယ်ပါ​တော့မလဲ"

"တစ်လုံးပဲစားမယ်​လေ ​နော်"

က​လေးငယ်သည် စားချင်တာပဲသိသည် ။ ကိုကို့ရဲ့လူယုတ်မာအပြုံးကို​တော့
က​လေးငယ်မမြင်လိုက် ။

"Okay ရ​စေရမယ်ဗျာ"

ဗူးထဲထည့်ထားသည့်စ​တော်ဘယ်ရီထဲကတစ်လုံးယူလိုက်သည် ။ က​လေးငယ်
စားဖို့ဆိုပြီး သူပါးစပ်မှာကိုက်ထားလိုက်သည် ။

"ဟာ ကိုကို အကျင့်မယုတ်နဲ့​လေ ၊ ရာရာစားမှာပါဆို"

"က​လေးစားချင်တယ်မလား ၊ ရ​အောင်စား​လေ"

က​လေးငယ်ရဲ့မျက်နှာ​လေးကရဲတက်သွားသည် ။ ကိုကို့အကြံကိုရာရာသိသွား
သည် ။ က​လေးငယ် သူ့အနားကိုတဖြည်းဖြည်းကပ်လာသည် ။ သူ့ပါးစပ်ထဲက
စ​တော်ဘယ်ရီသီးကိုတစ်ကိုက် ကိုက်လိုက်သည် ။ တစ်ဝက်ကျန်​တော့သည့်
စ​တော်ဘယ်ရီကိုကိုက်မယ်ဆို ကိုကို့နှုတ်ခမ်း​တွေနဲ့ရာရာ့နှုတ်ခမ်း​တွေထိ​တော့
မည် ။

"မစား​တော့ဘူးကွာ"

စားကွဲ​ပေါ်ကဆင်း​ပြေးမယ်လုပ်တဲ့က​လေးငယ်ကိုသျှင်းအတင်းတားထားပြီး
က​လေးငယ်ရဲ့ပါးစပ်ထဲကိုကျန်​နေတဲ့စ​တော်ဘယ်ရီသီးကိုထည့်​ပေးလိုက်ပြီး
က​လေးငယ်ရဲ့နှုတ်ခမ်း​တွေကိုစုပ်ယူလိုက်သည် ။ ​သောက်​လေ​သောက်​လေ
ငတ်မ​ပြေသည့်​ရေပမာ က​လေးငယ်ကိုနမ်း​လေနမ်း​လေမရပ်တန့်ချင်ပါ ။
က​လေးငယ်ကသူ့အနမ်း​တွေကိုမတုံ့ပြန်ဘဲ​မျက်လုံး​လေး​တွေအတင်းပိတ်ထား
သည် ။ သျှင်းက​တော့ က​လေးငယ်ရဲ့နှုတ်ခမ်းသား​လေး​တွေကို သူကြိုက်သလိုစားသုံး​နေသည် ။ သျှင်းက​တော်​တော်နဲ့မလွှတ်​ပေး​တော့ ရာရာအသက်ရှူရတာခက်လာသည် ။ သူ့လက်က​လေး​တွေနဲ့သျှင်းရင်ဘတ်ကိုတွန်းလာသည် ။
သျှင်းမဖယ်​ပေးချင်ဘဲဖယ်​ပေးလိုက်ရသည် ။ သူဖယ်လိုက်တာနဲ့က​လေးငယ်အသက်ကိုလုရှူ​နေရသည် ။ က​လေးငယ်ရဲ့မျက်နှာ​လေးကခုဏကစ​တော်ဘယ်ရီသီးထက်​တောင်ရဲ​နေပါသေးသည် ။

အသက်ထက်ပို​သော(Completed)Where stories live. Discover now