အသက်ထက်ပို​သော(၁၃)

Start from the beginning
                                    

ရာရာ​လေးကသျှင်း၏လည်ပင်းကိုသိုင်းဖက်ပြီး သျှင်းကိုအတင်းဖက်ထား​တော့သည် ။ သျှင်းကဒါကိုသ​ဘောတကျနဲ့ပြုံး​နေပြီး သျှင်း၏မျက်ဝန်းထဲတွင်လည်း မျက်ရည်​တွေကဝဲရစ်​နေသည် ။ က​လေးငယ်ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားလိုက်ပြီး .......

"​ကျေးဇူးတင်ပါတယ် ၊ ကိုကို့ကို​ရွေးချယ်​ပေးလို့ တကယ်​ကျေးဇူးတင်ပါတယ်"

"ရာရာမှားသွားပါတယ် ၊ ​နောက်ဆိုကိုကို့စကားကိုရာရာနား​ထောင်ပါ့မယ် ၊ အဲ့တာ​ကြောင့် ကိုကိုမငိုပါနဲ့​တော့​နော်"

"ဟုတ်ပါပြီ ၊ ကိုကို့ကိုကြည့်ပါဦး ၊ က​လေးဗိုက်​အောင့်​နေ​သေးလား"

"ဟင့်အင်း ​ပျောက်သွားပြီ ၊ ရာရာ ​နောက်ဆိုလက်ဖက်မစား​တော့ပါဘူး"

"ကိုကိုကလည်းလက်ဖက်ကိုအိမ်ထဲ​ပေးမဝင်ဘူးဗျာ ၊ မနက်ဖြန်ကစပြီးဘယ်သူမှလက်ဖက်မစားရဘူး ၊ သိပ်ချစ်ဖို့​ကောင်းတဲ့ကိုကို့က​လေး​လေး အိပ်​တော့ ၊
မနက်လည်း​ကျောင်းသွားရဦးမယ်"

"ကိုကိုက​ရော ..... ကိုကိုဆိုဖာ​ပေါ်မှာမအိပ်ရဘူး​နော် ၊ ရာရာအဆင်မ​ပြေဘူးလို့​ပြောထားတယ်​နော်"

"သိပါတယ်အဆိုး​လေးရဲ့ ၊ ကိုကို က​လေး​ဘေးမှာအိပ်မှာပါ"

ရာရာ​လေးကတစ်ဖက်ကိုတိုး​ပေးလိုက်ပြီး ​နေရာလွတ်ကိုသျှင်းလှဲရန်သူ့လက်က​လေးနဲ့ပုတ်ပြသည် ။ က​လေးငယ်ပြသည့်​နေရာလွတ်မှာသျှင်းဝင်လှဲလိုက်
သည် ။ သျှင်းဝင်လှဲလိုက်သည်နှင့်က​လေးငယ်ကသူ့ရင်ခွင်ထဲကိုတိုးဝင်​တော့
သည် ။ ရာရာ​လေးအခုလိုဖြစ်သွားတာကိုတစ်အိမ်လုံးကဝန်ထမ်း​​တွေတစ်
​ယောက်မှမသိလိုက်ကြပါ ။ ကြီးကြီး​ဆွေ​တောင်အိပ်​မောကျ​နေလို့မသိလိုက်
ပါ ။

"ကိုကိုထ​တော့ ကိုကို၈နာရီထိုး​နေပြီ ၊ ကိုကို !!!"

ညကအိပ်​ရေး​တွေပျက်ပြီး သျှင်းအိပ်​ပျော်သွားသည်ကမနက်၈နာရီအထိပင် ။
က​လေးငယ်ကသူ့ရင်ခွင်ထဲမှာအိပ်​မောကျ​နေ​ပေမဲ့ ညက သူအ​ပျော်ဆုံးလူသားဖြစ်​နေ၍ သူ​တော်​တော်နဲ့အိပ်မ​ပျော် ။ သူ့ရင်ခွင်ထဲက​က​လေးငယ်ကို
အချိန်အ​တော်ကြာကြည့်ရင်းနဲ့ပဲ သူဘယ်အချိန်မှအိပ်​ပျော်သွားလဲမသိလိုက်တော့ပါ ။ အခု​တော့ သူ့ရဲ့က​လေးလာနှိုးမှပဲ သူနိုး​တော့သည် ။ ဒါ​တောင်သူ
မထ​သေးဘဲ သူ့က​လေးငယ်ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်​သေးသည် ။

အသက်ထက်ပို​သော(Completed)Where stories live. Discover now