Part - 10 (Unicode)

Start from the beginning
                                    

တည်ငြိမ်စွာပြောလာတဲ့ မာမီ့ကို သူပြန်လှည့်ကြည့်မိတော့ မာမီ မျက်ဝန်းတွေသည် နွေးထွေးခြင်းတွေ အပြည့်စီးဝင်နေပေးလသည်။သူ မာမီ့ကို ပွေ့ဖက်လိုက်သည်။

" မာမီ့ကို ကျွန်တော် ချစ်တယ် "

မာမီ၏ ရင်ငွေ့နွေးနွေးသည် ခဏတာ အေးချမ်းစေသည်။ ခဏအကြာတော့ မာမီသည် ဖက်ထားရင်းမှကိုယ့်ချင်း ခွာလိုက်ကာ သူ့ကိုနူးညံ့စွာကြည့်လျက်

"ဒီနေ့ ဆိုဖီယာနဲ့ ရဲခေါင်လာလိမ့်မယ် သားပျင်းနေရင် သား အမနဲ့အပြင်လေး ဘာလေး လိုက်သွား "

ဟု ပြောလိုက်တာမို့ သူအသိအမှတ်ပြုသလိုခေါင်းငြိမ့်ပြလိုက်သည်။ ဆိုဖီယာသည် သူ့ထက် နှစ်နှစ်ပဲ ကြီးသော သူ့အမအရင်းဖြစ်သည်။

ရဲခေါင်ကတော့ ဆိုဖီယာ့အမျိူးသား ။ လွန်ခဲ့တဲ့ နှစ်နှစ် သူတို့ အိမ်ထောင်ကျခါစကတည်းက မိဘတွေနဲ့အတူမနေပဲ သတ်သတ်စီခွဲနေတာဖြစ်သည်။ ရဲခေါင်တို့ ဘက်ကလည်း လူကုံထံ အသိုင်းအဝိုင်းမို့ သူ့တို့ နှစ်ဦး၏ ဘဝလမ်းသည် ဘာအခက်အခဲမှ မရှိပဲ သာသာယာယာပင် ဖြစ်သည်။

နေ့လည် ရောက်တော့ ဆိုဖီယာတို့ လင်မယား ရောက်လာသည်။

" ဒန်နီရယ်....."

အခန်းထဲဝင်ဝင်လာချင်း ဆိုဖီယာသည် ဒန်နီရယ် ကုတင်ဆီသို့ အပြေးအလွှားသွားကာ ဖက်လိုက်သည်။

"မတွေ့တာကြာလို့ပဲလား ပိန်သွားတယ် "

ဆိုဖီယာက ဒန်နီရယ့်ပါးနှစ်ဖက်ကိုကိုင်ကာ ခပ်တွေတွေငေးရင်း ပြောလာသည်။

"နင်မှငါ့ကို လာမတွေ့တာကို တစ်ခါတစ်လေ ငါ့မှာ အမ တစ်ယောက်ရှိတာတောင် မေ့နေတယ်"

ဒန်နီရယ် က မကျေနပ်နဲ့ပြောတော့ ဆိုဖီယာက ခပ်ဟဟ ရယ်မောလိုက်ကာ

"ငါ့ ရဲ့တစ်ဦးတည်းသော မောင်လေးအတွက် ဒီအမ က အလုပ်တွေကြိုးစားနေရတော့ မအားမလပ် ဖြစ်နေရတာပေါ့ "

ဟု ချစ်စဖွယ်ပြောလိုက်တာမို့ ဒန်နီရယ်ပါ ရောပြီး လိုက်ရယ်မိသည်။ ရဲခေါင် ကတော့ သူတို့ မောင်နှမနှစ်ယောက်ကို ပြုံးလျက် ဘေးကနေ ရပ်ကြည့်နေပေသည်။

 Way to the stars [Completed] Z+UWhere stories live. Discover now