Part - 10 (Unicode)

Start from the beginning
                                    

"သူက သန့်ဝေတဲ့ ဆွတ်ရိန်ရဲ့ သူငယ်ချင်း ဆွတ်ရိန် ခွင့်တစ်ပတ်ယူထားလို့ ဆွတ်ရိန်နေရာမှာ သန့်ဝေ အစားထိုးဆင်းပေးလိမ့်မယ် "

သန့်ဝေဆိုသောကောင်လေးကို သူတစ်ချက်အကဲ
ခတ်လိုက်သည်။

သူ့ကို ပြုံးပြနေသော သန့်ဝေကို ဒန်နီရယ် စိတ်မပါသလို အကြည့်လွှဲလိုက်သည်။

အခုအချိန်မှာ သူအလိုချင်ဆုံးက ဆွတ်ရိန် တစ်ယောက်ကလွဲပြီး ဘယ်သူမှ မရှိ။

" မာမီနဲ့ နှစ်ယောက်တည်း ပြောချင်တယ် "

ဒန်နီရယ့်၏ ခပ်စိတ်စိတ်လေသံ အဆုံးတွင် ဒေါ်မာလာခင်က သန့်ဝေကို အခန်းထဲက ထွက်သွားဖို့ မျက်စပစ်ပြလိုက်သည်။

သန့်ဝေက ခေါင်းတစ်ချက် ငြိမ့်ပြပြီး အခန်းပြင်ရောက်သွားတော့မှ

"မာမီ သူ့ကို ပြန်ခိုင်းလိုက်ပါ ကျွန်တော်တစ်ယောက်တည်းရတယ် ကျွန်တော့်နားမှာ အန််တီဆွေလည်း ရှိနေတာပဲ ဆွတ်ရိန်ပြန်လာတဲ့အထိပဲ ကျွန်တော်စောင့်မယ် "

ဟု ပြောလိုက်တော့ ဒေါ်မာလာခင်က သက်ပြင်းဖွဖွ ချလိုက်ကာ

"သား... ခေါင်းမာလို့မရဖူးလေ ပြီးတော့ သားတစ် ယောက်တည်း မာမီစိတ်မချဖူး ဆွတ်ရိန်က သူ့မိသားစုကိစ္စကြောင့် ခွင့်တင်သွားတာ ပြီးရင်လည်းသူက အလုပ်သင်ဆင်းရဦးမှာဆိုတော့ သားနားမှာအရင်လို အချိန်ပြည့်ရှိနိုင်မှာမဟုတ်ဖူး ဆွတ်ရိန် မဟုတ်လည်းတစ်ယောက်ယောက်တော့ ရှိနေမှရမှာပေါ့ သားရယ်"

"ကျွန်တော် မလိုဖူးလို့ ပြောပြီးပြီ မာမီ ဆွတ်ရိန်ရဲ့နေရာမှာ တခြားဘယ်သူ့ကိုမှ အစားမထိုးနိုင်ဖူး "

မာမီ့ကို ပြန်အော်လိုက်ကာ သူ့မျက်နှာကို တစ်ဖက်သို လွှဲထားလိုက်သည်။ ဒီအခန်းထဲမှာ လွင့်ပျံ့နေတဲ့ ဆွတ်ရိန်ရဲ့ အငွေ့အသက်တွေနေရာမှာ တခြား တစ်ယောက်က အစားထိုးဝင်ယူသွားမှာကို သူ မကြိုက်။

"ဟုတ်ပြီ..သားပြောတာကို မာမီ လက်ခံတယ် သား ဖြစ်စေချင်တာကို မာမီ တတ်နိုင်သမျှ စီစဉ်ပေးမယ် ဆွတ်ရိန်နဲ့မာမီ ညှိကြည့်မယ်အခုတော့ သန့်ဝေနဲ့ အဆင်ပြေအောင် နေနော် "

 Way to the stars [Completed] Z+UWhere stories live. Discover now