Part - 8 ( Unicode)

Start from the beginning
                                    

ကောင်မလေးနဲ့ တွဲကချင်လွန်းလို့မဟုတ်ဖူး။တကယ်က မနေ့က ကိစ္စကို သူလက်စားချေချင်တာ။

တစ်ကိုယ်တည်းတွေးရင်း ကောင်မလေးလက်ကိုဆွဲကာ ခြေလှမ်းလှမ်းဖို့ပြင်လိုက်စဉ်

"ငါရော လိုက်ကမယ် "ဟုဆိုကာ လွတ်နေသေးသောဆွတ်ရိန် ရဲ့ နောက်လက်တစ်ဖက်ကို ဆောင့်ဆွဲလိုက်တဲ့ ဒန်နီရယ်ကြောင့် ဆွတ်ရိန်ခမျာ အင့်ခနဲ ဖြစ်သွားရသည်။

တစ်ဖက်ကလည်း မိန်းကလေးက လက်ကိုခပ်တင်းတင်း ဆုပ်ကိုင်ထားကာ တစ်ဖက်ကလည်း ဒန်နီရယ်က လွတ်ထွက်သွားတော့မလို အတင်း
အကျပ် ဆွဲထားသည်မို့ အလယ်က ဆွတ်ရိန်မှာ ကားယား ကားယား ဖြစ်နေရသည်။

ထိုနောက် ဆွတ်ရိန်ကကောင်မလေးနဲ့ အတူတွဲ
ကပြီး ထိုနားတစ်ဝိုက်မှာလည်း ဒန်နီရယ်သည့် ခေါင်းကိုဘယ်ညာရမ်းလျက် တစ်ကိုယ်တည်း ကနေပေသည်။

ဒန်နီရယ် ကနေသောပုံစံသည် မူကြိုကလေးလေးတွေကတတ်ခါစ လက်ကားယား ခြေကားယားကနေသော ပုံစံနဲ့ ခပ်ဆင်ဆင်တူကာ၆ ပေနီးပါးရှိသော အရပ်က လူအများကြားထဲ ထင်းထွက်နေတာမို့ ဆွတ်ရန်ခမျာ ကောင်မလေးနဲ့ ကနေရင်း တခွီးခွီးနဲ့ ကြိတ်ရယ်နေရသည်။

ဆွတ်ရိန်ကြည့်နေဆဲမှာပင် ဒန်နီရယ်သည် ကနေရင်း ညွှတ်ခနဲခွေလဲကျသွားသည်။ဆွတ်ရိန် ကောင်မလေး၏ ခါးကို ဖက်ထားရာမှ အမြန် ရုတ်လိုက်ကာ ဒန်နီရယ် ရှိရာသို့ ခပ်သွက်သွက် ပြေးသွားလိုက်သည်။

" ဒန်နီရယ် အဆင်ပြေလား "

ဆူညံနေသော သီချင်းသံတွေကြားကနေ ဆွတ်ရိန်၏ စိုးရိမ်တကြီးနဲ့ ခပ်ကျယ်ကျယ်အော်လိုက်သံက ဖောက်ထွက်လာသည်။

" ရတယ်.... ဘာမှ မဖြစ်ဖူး "

ဒန်နီရယ်က သူ့ကို လက်ကာပြလိုက်ကာ ထဖို့်ပြင်လိုက်သော်လည်း ပြန်လဲကျသွားတာမို့ ဆွတ်ရိန် သည် ဒူးတစ်ဖက်ထောက်ပြီး ခါးကိုကိုင်းလိုက်
ကာကျောပိုးသည့် အနေအထားလုပ်လိုက်ပြီးမှ ဒန်နီရယ့် ကိုယ်လုံးအလေးကြီးကို သူ့ကိုယ်ပေါ်ပွေ့တင်လိုက်သည်

အားပါးပါး...... ခါးရိုးကျိူးတော့မယ်လေးလိုက်သည့် ခန္ဓာကိုယ်ကြီး

 Way to the stars [Completed] Z+UWhere stories live. Discover now