Chapter (2)
11.4K 1.4K 83
ရိပေါ် ရေချိုးခန်းထဲက ထွက်လာတော့ သူ့အိပ်ခန်းထဲကိုဝင်သွားတဲ့ အဖြူရောင် အရိပ်တစ်ခုကို မြင်လိုက်ရတယ် ။
ရိပေါ် နဂိုတည်းကပင်ပန်းနေတာကြောင့် အဝတ်အစားလဲပြီး အိပ်ဖို့ပဲပြင်လိုက်တယ် ။ ကျောင်းမှာ ပင်ပန်းတဲ့အပြင် ညနေက ဆေးရုံအထိရောက်ပြီးပါ ပင်ပန်းခဲ့တာမို့ ။
အိပ်နေတုန်း တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားချက်ကြောင့် ရိပေါ် နိုးလာခဲ့တယ် ။ သူ့ခြေရင်းမှာ ထိုင်နေတဲ့ အဖြူရောင် အရိပ် ။
"အား....!!!!....မာမားရေ....!!!!"
"အာ...မင်းကလည်း အသံကျယ်လိုက်တာ ။ ငါ နားကန်းသေတော့မှာပဲ"
ရိပေါ် ရှေ့က ဖြူလွလွပုံရိပ်က ငြီးညူသလိုပြောပြီးမှ တစ်ခုခုကို သတိရသွားသလို ပုံစံနဲ့ ပြန်ပြောလာခဲ့တယ် ။
"ဪ...မေ့လို့...ငါက သေပြီးသားလေ....ဟီးဟီး"
ရိပေါ် ဘာလို့ငြိမ်နေတာလဲ ။ ထွက်မပြေးဘူးလားလို့ မမေးပါနဲ့!
ကိုယ်အိပ်နေတဲ့ ကုတင်ခြေရင်းမှာ ထိုင်ပြီး ရယ်ပြနေတဲ့ သရဲကို မြင်တာနဲ့ လှုပ်လို့ပင်မရအောင် ကြက်သေသေနေမိတာမို့ ။
"ခင်...ခင်ဗျားက ဘယ်သူတုန်း "
"ငါလည်း သိချင်နေတာ ။ အဲ့တာကြောင့် မင်း ကူညီပေး"
"အား....!!!!!"
သူ့ရှေ့က သရဲအပြင် ဘေးကနေ ပေါ်လာတဲ့ ဇက်ကြီးလိမ်ပြီး ပါးစပ်ကနေ သွေးတွေထွက်ကျနေတဲ့ သရဲမကြောင့် ရိပေါ် အော်လိုက်မိတယ် ။
"ဘာလို့အော်...အား....!!! သရဲ! !! ။ ဟေ့ကောင် လုပ်ပါဦး ။ ငါ သရဲကြောက်တယ် "
ရိပေါ် မှာ ကြောက်ချိန်တောင်မရ သူ့ဘေးလာပြီး သရဲကြောက်တယ် လို့ အော်နေတဲ့ သရဲကြောင့် ဘယ်နားပြေးရမှန်းပင် မသိတော့ ။
စောက်ကျိုးနည်း သရဲ!
သူက သရဲပြန်ကြောက်နေတယ်!!
'အား' ဆိုတဲ့ အသံနက်ကြီးနဲ့ အတူ ပျောက်သွားတဲ့ သရဲမကြောင့် သက်ပြင်းချတုန်းရှိသေး ဘေးက သရဲကြောင့် ကုတင်ပေါ်ကနေ ခုန်ဆင်းပြီး ရိပေါ် လက်ထဲက ငရုတ်ကောင်းစေ့တွေနဲ့ ပေါက်ဖို့ လက်ရွယ်လိုက်တယ် ။
The Ghost & Me [ Completed ]Where stories live. Discover now