Part - 9 with Unicode

Start from the beginning
                                        

မျက်ရည်တွေကျနေရင်းပြောနေသော သူ့အားကြည့်ရင်းကျွန်တော်ကျေနပ်နေမိသည် သူအခုခံစားနေရတာ ကျွန်တော်ခံစားခဲ့ရတာတွေရဲ့အပုံတစ်ရာပုံတစ်ပုံလောက်တောင်ရှိမယ် မထင် .... ကျွန်တော့်အလှည့်တုန်းကသေလုမြောပါးခံစားခဲ့ရတာမလား .....

မင်းပြန်တော့ Z ငါမင်းနဲ့အခု စကားမပြောချင်သေးသလို အတိတ်တွေအတွတ်ငါ့ဦးနှောဏ်မှာနေရာပေးမထားဘူး လက်ရှိမှာမင်းအဆင်မပြေဘူးဆို မင်းကြိုက်သလိုဆုံးဖြတ်နိုင်တယ် ငါဘာမှမပြောလိုဘူး

သွေး မင်းကွာ သွေးအေးပြီးရက်စက်လွန်းလိုက်တာ ဟုနာနာကျဉ်ကျဉ်ပြောရင်းထွက်သွားသော သူ့ကျောပြင်အား ငေးကြည့်ရင်း ပြုံးနေခဲ့ပေမယ့် နှလုံးသားရဲ့ဒဏ်ရာဟောင်းကြောင့်လားမသိ ကျလာသောမျက်ရည်စက်အားကျွန်တော် ရွံရှာစွာဖယ်ရှားမိသည်

ကျွန်တော် နောက်ထပ်ဘယ်တော့မှZ ဆိုတဲ့လူတစ်ယောက်
ကြောင့်မျက်ရည်မကျစေရဘူး ......

ပြီးမှ KoKo ဆိုတဲ့ Contact ကို ကျွန်တော်နှိပ်ရင်းဖုန်းခေါ်လိုက်သည်

ကေလး ကိုကိုစောနဖုန်းတွေခေါ်နေတာ ဘာလို့မကိုင်တာလဲ ကလေးအိပ်နေလို့လား အခုရောကိုကို့ကြောင့်နိုးသွားတာလား

မဟုတ်ပါဘူး ကျွန်တော်ရေချိုးနေလို့

ဪ ကိုကို က နောက်တစ်နာရီ လောက်ဆို လာခေါ် မယ်လို့ပြောမလို့ ဒီနေ့ အလုပ်တွေစောစောပြီးနေတာနဲ့ ကေလး နဲ့စောစောတွေ့ရအောင်လို့်လေ ကလေးအဆင်ပြေတယ်မလား

အင်း ပြေပါတယ်

ဒါဆို ဘယ်သွားချင်လဲ ဘာစားချင်လဲဆိုတာ စဉ်းစားထား ကိုကိုခဏနေလာခေါ်မယ်နော်ကလေး

ကိုကို .....

ဗ်ာ ကေလး ပြောလေ ကိုကိုတွေဘာတွေခေါ်လို့ပါလား ဒီနေ့စိတ်ကြည်နေတယ်ထင်ပါ့ကိုကို့ကလေးလေး...

ကျွန်တော့်ကို ဘာလို် ့အာ့လောက်ဂရုစိုက်နေတာလဲ

ကျွန်တော်ဆိုးသမျှ ကိုဘာလို့သည်းခံနေတာလဲ ကြာတော့မမုန်းလာဘူးလား

ဟောဗျာ မုန်းစရာလားကလေးရဲ့ ကိုကို့ကလေးလေးကဒီလောက်ဂျစ်တစ်တစ်လေးနဲ့အကန်လေးတွေလည်းပြောတတ်သေးတာကို

ဟာ ခင်ဗျားကြီးနော် လာရွဲ့နေတာလား အကောင်းမေးနေတာကို ဒေါသထွက်အောင်လုပ်နေတာလား

haha ကိုယ်ကချစ်လို့စတာပါကလေးရာ ခေါ်ပါဦး ကိုကိုလို့ အာ့ခေါ်သံလေးမကြားရတာကြာလို့လားမသိဘူး နားထောင်လို့ကောင်းလွန်းလို့...

ကြားချင်တယ်ပေါ့ ဆုတောင်းလေ Blah Blah

ဟာ ကေလးရာ တစ်ခေါက်လောက်ပဲပြန်ခေါ်ပေးပါ ကိုကိုနားထောင်ချင်လို့ပါ
အင်းခေါ်မယ် သေချာနားထောင်နော်

အင်းကိုကိုနားထောင်နေတယ်ခေါ်

ဖိုးဖိုး

ဟင် ဘာဖိုးဖိုးလဲ ကေလးရာ

မသိဘူး မသိဘူး ဒါပဲညနေမှတွေ့မယ်ဖိုးဖိုး ......

ပြောချင်တာပြောပြီးဖုန်းချသွားသောဂျစ်တူးလေးအားကျွန်တော်ချစ်မဝကြောင်းတွေးမိကာတစ်ယောက်တည်းကျေနပ်နေရပါသေးသည် .....

AN: Z ကိုသိကြလားဟင် ခုဖတ်ရသလောက်ဘလိုနေလဲဆိုတာအပန်းမကြီးရင်ပြောပြကြပါလားဟင် ပြီးတော့သွေးကိုရောဘလိုမြင်ကြလဲဟင် ပြောပြမာ့်သူရောရှိပ့မလား

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Where stories live. Discover now