Part - 7 with Unicode

Start from the beginning
                                        

ကောင်းပြီလေ ဒါဆို ညေန ၄ နာရီကျော်လောက် ထွက်လာခဲ့မယ် လာခါနီး ကိုယ် ဖုန်းဆက်လိုက်မယ်နော်

အွင်း အွင်း ပြီးရော အာ့ဆိုဒါပဲ ကျွန်တော် မုန့်ဆက်စားလိုက်ဦးမယ် ...

Ok see you evening's.. .

ညေန ရောက်တော့ အမြဲချိန်းထားတဲ့အချိန်ထက်နောက်ကျမှ ပြင်ဆင်တတ်သောကျွန်တော် ၄ နာရီလောက်တည်းကအဆင်သင့်ဖြစ်နေသည် ဘာကြောင့်လဲဆိုတာစဉ်းစားမရ ခုမှစသိတဲ့သူမို့ အားနာနေတာဖြစ်ပါလိမ့်မယ် .. ဂဏာမငြိမ်နိုင်ပဲ လမ်းလျှောက်ရင်းပြတင်းပေါက်ကကြည့်လိုက် ဖုန်းကိုကိုင်ကြည့်လိုက်နှင့် ရူပ်ရှပ်ခက်နေသော ကျွန်တော့်ကိုယ်တောင်ကျွန်တော်နားမလည်ချင်တော့ ...ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ လက်မှကိုင်ထားသောဖုန်းမှမြည်လာသော အသံကြောင့်ကြည့်မိတော့ဟိုလူ့ဖုန်း

:" ဟဲလို "

ကိုယ်အောက်ရောက်နေပြီ အဆင်သင့်ဖြစ်ရင်ဆင်းလာခဲ့နော် ကိုယ်စောင့်နေမယ် ..

ပြတင်းပေါက်ကိုပြေးကြည့်တော့
အိမ်ရှေ့သို့ရောက်လာသော ကားအဖြူရောင်လေးတစ်စီး

သူမှန်းသေချာတော့မှ ကျွန်တော် လုပ်စရာမရှိ ရှာကြံပြီးအလုပ်တွေလုပ်နေမိတယ်အိပ်ယာပေါ်က ပြန့်ကျဲနေတဲ့စောင်ကို ပြန်ခေါက်တယ် ခေါင်းအုံးကိုနေရာတကျပြန်ထားလိုက်တယ် ပြီးတော့ရေချိုးခန်းထဲဝင်တယ် ဘာမှမတွေ့တော့ပြန်ထွက်လာတယ် ကုတင်ပေါ်ကစောနခေါက်ခဲ့သည့်စောင်ကိုကြည်ြတော့အနားတွေညီမနေဘူးထင်တယ်ဆိုကာ ပြန်ဖြန့်သည် ခေါက်သည်

ထို့နောာက် အဒေါ်ကြီးကနေ့တိုင်းသန့်ရှင်းရေးဝင်လုပ်တတ်သဖြင့်ဖုန်မရှိ သော laptop တင် ထားသည့်စားပွဲခုံကိုသွားကာတစ်သျူးစလေးနဲ့သုတ်သည်

ထို့နောက် ကုတင်ပေါ်က စောင်ကိုကြည့်မိပြန်တော့ခေါင်ထားသည်ကိုစိတ်တိုင်းမကျပြန်ဆွဲဖြန့်ကာ ပြန်လည်ခေါက်သည်

ထိုသို့ ထိုသို့ အချိန် ၁၅ မိနစ်ခန့်လောက်ဆွဲပြီးသည့်နောက် ရေမွှေးကိုတချက်ထပ်ဆွတ်လိုက်ပြီးအောက်ထပ်သို့ တရားရူမှတ်နေသည့်အလားတည်ငြိမ်နှေးကွေးသော ခြေလှမ်းများဖြင့် တစ်လှမ်းခြင်း တစ်လှမ်းခြင်း အီလေးစွဲကာလျှောက်လှမ်းလာလိုက်သည် .....ဟုတ်သည်လေ တော်ကြာ

သူ့ကိုယ်သူအထင်တွေကြီးကာ သူနဲ့တွေ့ဖို့အစောကြီး ပြင်ဆင်ပြီးထိုင်စောင့်နေသည်ဟု ထင်သွားပါက ကိုယ့်မာနကိုထိခိုက်နိုင်မည်မဟုတ်လား ....

အောက်ထပ်ရောက်တော့ မချိုမချဉ်အပြုံးနှင့် ကျွန်တော့်အားကြည့်နေသော သူ့အကြည့်တွေ ကဆွဲထိုးချင်စရာ ဘာကောင်လဲဟ ..

အနားရောက်သည်နှင့် ကားတံခါးကားအဆင်သင့်ဖွင့်ပေးသောကြောင့် စောနဆွဲထိုးချင်စိတ်လေးကိုခဏသိမ်းထားလိုက်မိသည်....

ထို့နောက် ကားပေါ်သူတတ်လာကာ ခါးပတ်ပတ်နေရင်း ရေမွှေးနံံ့လေးက မင်းနဲ့လိုက်တယ်

"ကျေးဇူး...."

အာ့အနံ့တစ်မျိူးပဲအမြဲစွဲသုံးတတ်တာလား ...

"အင်း များသောအားဖြင့်ပေါ့....."

ခု ဘယ်သွားချင်လဲ ....

"ရတယ် ခင်ဗျား အဆင်ပြေတဲ့နေရာသွား..."

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Where stories live. Discover now