Part - 6 with Unicode

Bắt đầu từ đầu
                                        

တစ်ခြံလုံးပေါင်းမှလူလေး ၄ ယောက်သာရှိသော ဤအိမ်ကိုကျွန်တော်မခင်တွယ်မိတာဆန်းကြယ်မယ်တော့မထင် ....

ဆိုတော့ကာ ၃ ထပ်ရှိသောအိမ်၏အပေါ်ဆုံးသောအထပ်တစ်ခုလုံးကိုအပိုင်စားအဖြစ်ခံယူထားကာ သန့်ရှင်းရေးအချိန်မှလွဲ၍မည်သူမှဤအထပ်သို့မလာပါနဲ့ဟုတောင်းဆိုထားမိသော်လည်းအဒေါ်ဖြစ်သူတောင်တစ်ပတ်နေလို့တခါမရောက်ဖြစ်တဲ့ကျွန်တော့အပိုင်စားနေရာအားမလာရန်အတွတ်ကျွန်တော်အပိုတွေလုပ်ပြီးပြောခဲ့မိသေးသည်မဟုတ်လား...

လွတ်လွတ်လပ်လပ် နေချင်တာရယ် တစ်ယောက်တည်းနေရပါများတော့တစ်ယောက်တည်းနေရခြင်းထဲပျော်ဝင်နေမိသောကျွန်တော့အတွတ်တော့
မည်သူမှအနားမှာမရှိခြင်းသည်လည်းကောင်းတော့လည်းကောင်းပါတယ်လေ ဒါပေမဲ့ နိူင်းခ ကတော့အမြဲလိုလာပြီးနားငြီးတတ်သည် သည်ကောင်လည်းဆော်မြန်မြန်ရမှအေးမှာပါ
ဒါပေမဲ့လည်းခုထိရည်းစားရှိဖို့မပြောနဲ့သူကြိုက်တဲ့ကောင်မလေးရှိနေပြီဆိုတာတောင်မပြောလည်းမပြောဘူးသလိုမကြားလည်းမကြားဘူးခဲ့၍ ဤဂြိုလ်သားအချစ်ကိုမှခံစားတတ်ပါလေစဟုတွေးမိသေးသည် ....

ခုထိကျွန်တော့်အနားယောင်လည်လည်နဲ့တူတူသောင်းကျန်းဖြစ်ကြသောငယ်သူငယ်ချင်းလည်းဖြစ်တဲ့ နိူင်းခ ဟာ အျမဲ ကျွန်တော့်ကို နားအလည်ပေးနိုင်ဆုံးသောသူပင်ဖြစ်သည်

ကျွန်တော့်အပူတိုင်းကိုသူ့အပူဟုယူဆထားသလားမှတ်ရအောင်ကျွန်တော်ငိုသည့်အခါတိုင်းသူ့အပြစ်သေးသေးလေးတောင်မရှိပါပဲကျွန်တော့်စိတ်ညစ်မူတွေကိုထပ်တူခံစားပေးတတ်သည်...

တခါတလေကျွန်တော့်ရင်ထဲဘာတွေဖြစ်နေလည်းကျွန်တော်တောင်မသိပေမယ့်သူကအဖြေကိုသိနေတာမျိုး ....
ထို့ကြောင့်သူ့ကိုကျွန်တော်ညီအကိုလိုချစ်လည်းချစ်တယ် သံယောဇဉ် တွေလည်းဖြစ်ရပါတယ်.... ဒါပေမဲ့တခါတခါကျ နားပူလွန်းလို့မိန်းမမြန်မြန်ရသွားပါစေဆု၊တ
င်းမိတာကလွဲရင်ပေါ့ ....
ဒီနေ့ကျွန်တော်သွားသောက်တာသာသိသွားရင်သူတပွမ်ပွမ်နဲ့နားငြီးဦးမ၊ှာ သူခရီးထွက်နေလို့
တော်သေးသည်.....

အခန်းထဲရောက်တော့ခုတင်ပေါ်ထိုင်ရင်းသံပုရာရည်သောက်နေတဲ့အချိန်ဖုန်းတစ်ကောလ်ဝင်လာခဲ့သည် နံပါတ်အစိမ်းဆိုတော့ကျွန်တော်လည်းနောက်ဆုံးတွဲခဲ့သည့်ဘဲဖြစ်နေမှာစိုး၍မကိုင်ပဲပြစ်ထားလိုက်သည် ....

ထို့နောက်ခန္တာကိုယ်ကိုအ
နားပေးရန်အတွတ်ရေမိုးချိူးပြီးအိပ်ဖို့ပြင်ဆင်ကာကုတင်ထက်သို့ပြန်လည်တတ်ကာ စနစ်တကျနေရာယူရင်း မနက်ခင်းသို့ခရီးထွက်လိုက်ပါတော့သည်.....

မျက်စိစူးလာသည်ဟုခံစားလာရသောကြောင့်ဆက်အိပ်လို့မရတော့သဖြင့်မျက်လုံးဖွင့်ကြည့်မိတော့လူကြီးတွေပြောသလိုနေဖင်ထိုးနေခဲ့ပြီကို တကယ်တော့နေဖင်ထိုးတာမဟုတ်ပါဘူး မျက်နှာတင်ပဲပါ
ထို့နောက်ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်သွားတိုတ်ပြီးသည်နှင့်မနက်စာစားရန်အောက်ထပ်သို့ဆင်းလာရင်းဖုန်းကိုဖွင့်ကြည့်တော့နံပါတ်အစိမ်းတစ်ခုနှင့် ဝင်နေသော msg တစ်စောင်

" နိုးပြီလား..." တဲ့လေ

ဘသူမှန်းမသိတော့ပြန်မပို့ဖြစ်ပဲဒီတိုင်းပဲထားလိုက်သည်....
နောက် ၁၅ မိနစ်လောက်နေတော့ထပ်ဝင်လာသည့်စာတစ်စောင် ....

"ခေါင်းကိုက်နေသေးလားကိုယ့်လူ....? "

ဘသူလဲဟ ညကလူလား မဖြစ်နိုင်ပါဘူး သူကဘလိုလုပ်င့ဖုန်းနံပါတ်ကိုသိမှာလဲ ငါ့နာမည်တောင်မေးသွားတာမှမဟုတ်တာကြီးကို သူရောခုဘာလုပ်နေလဲမသိဘူး ညကသူ့သူငယ်ချင်းတွေဆီပြန်သွားပြီးအရက်တွေသောက်ပြီးညတွေနက်ပြီးမနက်ကျတော့အိပ်ယာထဲမှာဘုန်းဘုန်းလဲပြီးအရက်နာကျနေမှာပေါ့လေ
(ငှါယ် တွေးချလိုက်တာသူများ seme လေးကို သူ့လို ဝိုင်တစ်ခွက်နဲ့ချာချာလည်တတ်တဲ့သူများထင်နေလားမသိ )

သူများအကြောင်းမတွေးတာပဲကောင်းပါတယ်ဆိုပြီး မုန့်ဆက်စားနေရင်း ထပ်ဝင်လာသည့် msg ကြောင့် ကျွန်တော်ပျော်သွားမိသည်လားမသိ ဒါမူတ်အံ့သြသွားခဲ့တာလား အံ့သြတာနေမှာပါလေ ဝင်လာသည့်mွsg မွာ

" ကိုယ် ညက ကားမောင်းပြီးအိမ်ပြန်လိုက်ပို့ပေးတဲ့သူပါ နိုးနေပြီဆိုရင် reply ပြန်ပါလား " တဲ့လေ


စာမေးပွဲရှိလို့တအား တိုသွားတယ်....
ဆောရီးပါနော် ဒီရက်ပိုင်းupdate ဖြစ်လည်းတိုတိုလေးတွေပဲ ဖြစ်နေပါလိမ့်မယ် သည်းခံပေးကြပါနော် update တောင်းထားတဲ့ညီမလေးတစ်ယောက်ကြောင့် updateလုပ် လိုက်ပါပြီနော် ကျေးဇူးပါညီမလေးရေ အာ့လိုလေးကိုယ်ရေးတဲ့ fic ကိုစောင့်ဖတ်ပေးတာသိရတော့ပျော်ရပါတယ်လို့ ကျေးဇူးပါရှင့်....

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Nơi câu chuyện tồn tại. Hãy khám phá bây giờ