Part - 2 with Unicode

Start from the beginning
                                        

ကျွန်တော်ဒီနေ့ sea food hot pot စားချင်တယ် လို့ပြောတော့ ကိုကိုသွားဝယ်ပေးရမလားလုပ်နေသေးတဲ့ခင်ဗျားကြီးကို ထိုးပစ်ချင်တယ် စိတ်ကောက်နေရင်မုန့်လိုက်မစားပဲဝယ်ပဲဝယ်ခိုင်းတတ်တဲ့ကျွန်တော့်အကျင့်ကြောင့်ခင်ဗျားကြီးဒီလိုပြောနေမှန်းသိပေမယ့်အခုစိတ်ကောက်ပြေနေတာကိုသွသူမသိပဲ
ငါစိတ်ရှည်တယ်နော် မစားတော့ဘူး ဘာမှလည်းဝယ်ပေးမနေနဲ့ခင်ဗျားလည်းပြန်တော့လို့ပြောတော့မှာပြာပြာသလဲသူဘာအမှားထပ်လုပ်မိပြန်ပြီလဲဆိုပြီးသူ့ဘာသူအဖြေရှာနေတဲ့ ကိုကို့ ကိုကြည့်ရင်း ရီရမလိုငိုရမလို စိတ်မရှည်တာနဲ့အရက်ဝိုင်းထဲဝင်ထိုင်ပြီးအရက်ခွက်ကိုကိုင်မှပြေးလာပြီးကိုကိုမှားပါတယ်ကိုကိုနဲ့အပြင်မှာလိုက်စားပေးပါလို့အထပ်ထပ်ပြောလာလေတော့လည်းအားနာနာနဲ့ပဲကျွန်တော်လိုက်သွားလိုက်တယ် (တကယ်တော့ကျွန်တော်မလိုက်ချင်ပါဘူးလေ)....
ဆိုင်ရောက်တော့ကျွန်တော့အကြိုက် ဂဏန်းတွေ ရေဘဝဲတွေ ထ ထ ယူပေးရတာသူ့အလုပ် ကျွန်တော်ကအသင့်စားရုံပဲ ကြည့် ဘယ်လောက်ဇိမ်ကြလဲ တစ်ဝတစ်ပြဲစားပြီးတော့ကန်ဘောင်ဘက်ရေခဲမုန့်ကိုင်လမ်းလျှောက်ထွက်ကြတယ်လေ ဒါကျွန်တော်တို့လုပ်နေကျအကျင့်တစ်ခုလို့ပြောရင်လည်းမမှားဘူး ရေခဲမုန့်စားရင်းစေးကပ်ကျန်ခဲ့တဲ့လက်ကိုသုပ်ပေးဖို့သူ့မှာ wet tissue လည်းပါပြီးသား ပြီးရင် ကန်ဘောင်ဘေးမှာရောင်းနေကျ ဘယာကြော်လုံးလေးတွေကကျွန်တော့်အကြိုက် လာတိုင်းဝယ်စားနေကြမို့ ကျွန်တော်တို့နှစ်ယောက်စလုံးကိုရင်းနှီးနေပြီ တခါတလေနိူင်းခတို့မိုးစက်တို့နဲ့လာလို့ဝယ်စားရင်တောင်ကိုဘုန်းမပါဘူးလားမေးမေးတတ်လို့ နိူင်းခတို့စတာလည်းအမြဲခံရသေးတယ် လမ်းလျှောက် စကားပြောရင်းအချိန်တွေကုန်လာတော့ ကိုဘုန်းပြန်လိုက်ပို့ပြီး အိမ်ရှေ့ရောက်တော့ထိုင်ခုံခါးပတ်ဖြုတ်ပေးပြီး နဖူးပေါ်အနမ်းတစ်ပွင့်ခြွေတော့ကျွန်တော်မငြင်းမိ ဒါပေမယ့်လည်း မပြုံးမိ ရည်းစားစဖြစ်တည်းကကျွန်တော့အပေါ်အလိုလိုက်ဖြည့်ဆည်းမူတွေပေးခဲ့တဲ့ကိုဘုန်းဟာအမြဲကျွန်တော့နဖူးကိုနမ်းရင်းအိမ်ပြန်ချိန်တွေကုန်ဆုံးသွားတတ်တာပါ သူအနမ်းပေးပြီးတိုင်းပြောနေကြစကားဒီအနမ်းဟာဝေးနေရမယ့်တစ်ညတာအတွတ်အလွမ်းဖြေဆေးပါတဲ့ လေ.....
အာ့စကားကြားတော့ကျွန်တော်ရည်းစားဖြစ်ကာစမို့ထင်ပါရဲ့ရင်ခုန်ခဲ့ရသေးတယ်....
ဖုန်းဆက်လိုက်မယ်နော် ဆိုတဲ့ကိုဘုန်းအသံကြားမှကျွန်တော်လည်းခေါင်းငြိမ့်ပြီးကားပေါ်ကဆင်းလိုက်တယ်....
ကျွန်တော်အိမ်ထဲဝင်တဲ့အခန်းထဲရောက်တဲ့အထိကိုဘုန်း
ကားထွက်မသွားသေး ကျွန်တော်အခန်းမီးကိုမဖွင့်သေးပဲပြတင်းပေါက်ကနေမမြင်အောင်ကြည့်နေလိုက်တယ် ဆယ်မိနစ်လောက်ကြာမှအခန်းမီးထဖွင့်လိုက်မှသူ့ကားလည်းထွက်သွားလေရဲ့ .... အိမ်ပြန်ပို့ပြီးလည်းကျွတ်တော်အခန်းထဲမဝင်မချင်းမပြန်တတ်တာစတွဲတည်းကသူလုပ်နေကျအကျင့်လေ
သူ့ကားထွက်သွားတော့မှ ကျွန်တော်လည်းရေမိုးချိုးဖို့ပြင်ဆင်ပြီးရေချိုးခန်းထဲဝင်လာလိုက်တယ် အခန်းထဲကဖုန်းလာသံကြားတယ်ကိုဘုန်းတော့မဟုတ်လောက်ဘူး ဘယ်သူမှန်းမသိပေမယ့်ထွက်မကိုင်ဖြစ် ရေကိုစိမ်ပြေတပြေချိုးပြီးမှာအပြင်ထွက်အဝတ်အစားလဲရင်းကုတင်ပေါ်တတ်လိုင်းသုံးဖို့ပြင်လိုက်တော့ကိုဘုန်းဖုန်းဝင်လာတယ်သူပြန်ရောက်ပြီဆိုတဲ့အကြောင်းလွမ်းနေတဲ့အကြောင်းနဲ့ကျန်းမာရေးဂရုစိုက်ဖို့ ညအိပ်ရင်ဆောင်ခြုံအိပ်ဖို့ air conလျော့အိပ်ဖို့ လိုင်းကိုညနက်ထိမသုံးဖို့ ညတိုင်းမှာနေကြအကြောင်းတွေပဲအပ်ကြောင်းထပ် အဆုံးသတ်ဖုန်းချတော့အရမ်းချစ်တယ် အမြဲတမ်းလည်းချစ်တယ် ကြယ်လေးပွေတာလေးနည်းနည်းလျော့ပြီး းကိုယ့်ကိုနည်းနည်းလောက်ပြန်ချစ်ပေးပါဆိုတဲ့စကားနဲ့အမြဲအဆုံးသတ် မသိသူများကလူဆိုးကြီးကိုကျလို့ သူအာ့လိုပြောတိုင်းကျွန်တော့်ဘက်ကတော့ဘာမှပြန်မပြောဖြစ် သူဖူန်းချသွားတော့တန်းပြီးဝင်လာတဲ့ဖုန်း ကိုကိုင်လိုက်တော့ လိုင်းပေါ်မှာမတွေ့လို့ဖုန်းဆက်လိုက်တာ
ကိုဘုန်းနဲ့ပြောနေတာလားဖုန်းမအားဘူးဆိုလို့ ဟုမေးလာသောတဖက်ကလူအား
အင်းဟုတ်တယ် ငါအခုလိုင်းပေါ်တတ်လာမယ်ဒါပဲနော်ဟျောင့် ဆိုပြီးဖုန်းချလိုက်တယ် ပြီးတော့လိုင်းဖွင့်လိုက်တော့တစ်ဖက်ကပို့တဲ့msgကို reply လုပ်လိုက်ဟိုဘက်ကပြန်ပို့လိုက်နဲ့ ဘာရယ်မဟုတ်ညနက်သွားပြန်ပြီ နာရီကိုကြည့်ရင်းကျွန်တော်ပြုံးလိုက်မိတယ်
သူအမြဲတမ်းဂရုတစိုက်မှာပေမယ့်အမြဲအလေးမထားတဲ့ကျွန်တော့်ကို ကိုကိုတယောက်အပြစ်မမြင်တတ်တဲ့အကြောင်းကိုတွေးရင်းပေါ့ .....

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Where stories live. Discover now