အပိုင်း ( ၄၂ ) Zawgyi

3.5K 341 117
                                    

[ spoiler အဖြစ်အပျက်မတိုင်ခင် သုံးပတ်အလို.. ]

" Victor "

" ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ၊ "

ယူနီဖောင်းအစား ပေါ့ပါးတဲ့ဝတ်စုံကိုသာ ၀တ်ဆင်ထားတဲ့ တရုတ်ဗိုလ်ကြီး လုဟန်က တာဝန်နားချိန်ဖြစ်တာကြောင့် စစ်စခန်းမှာ တစ်ဦးတည်းရှိနေမဲ့ ချစ်လှစွာသော အစ်ကိုတော် ရှောင်းကျန့်ဆီကို ဖုန်းနဲ့ဆက်သွယ်ခဲ့တာဖြစ်တယ်၊ ၀ရန်တာလက်ရန်းပေါ်မှာ လက်တစ်ဖက်ကို ထောက်ထားရင်း ကျန်တဲ့လက်တစ်ဖက်က ဖုန်းကို ကိုင်ထားတဲ့ လုဟန်က တစ်ဖက်က နောက်ပြောင်စကားကို နားစိုက်လို့ထောင်ပြီး စမတ်ကျစွာ မတ်မတ်ရပ်နေခဲ့တယ်၊ တစ်နေ့ခင်းလုံး သူ့အနားကို တောက်တဲ့ကပ်တွယ်နေတဲ့ အဝါရောင်ကောက်ညှင်းလုံးလေးကတော့ ဒုဗိုလ်ဂျောင်ဆူးရဲ့ အကူအညီနဲ့ အိမ်စာလုပ်ဖို့ ပြင်ဆင်နေခဲ့လေပြီ။

" နောက်မနေနဲ့၊ ငါတို့ စကားပြောရအောင်.. "

" အော.. "

လုဟန် ပြောပြီးပြီးချင်းမှာပဲ တစ်ဖက်က ချိုးချိုးချွတ်ချွတ်ဆူညံသံတွေနဲ့ စစ်သားတွေရဲ့ တကျွတ်ကျွတ်စကားပြောသံတွေက တဖြည်းဖြည်းဝေးလံသွားတာကို ခံစားလိုက်ရတာမို့ သူနဲ့ဖုန်းပြောဖို့အတွက် ရှောင်းကျန့်က ဆိတ်ငြိမ်တဲ့နေရာကို ရွေးချယ်နေမှန်း  သူ တန်းပြီး သိလိုက်မိတယ်၊ သက်ပြင်းကို ရှိုက်ရင်း ရှောင်းကျန့်ဘက်က တုံ့ပြန်သံကို ပြန်စောင့်နေလိုက်တယ်၊

[ ရှင်းလင်းချက်: လုဟန်က မြို့တွင်းသီးသန့်ခေါ်ဆိုမှုလည်းဖြစ်၊ ရှောင်းကျန့်တို့ ရာထူးအဆင့်အတန်းက တာဝန်နားချိန်တွေမှာ ဖုန်းကိုင်ဆောင်ခွင့်ရှိတာမျိုးမို့ လုဟန်က တပ်ရင်းကို မခေါ်ဆိုပဲ လက်ကိုင်ဖုန်းကိုသာ တိုက်ရိုက်ခေါ်ဆိုခဲ့ခြင်းဖြစ်တယ်၊ ဒုဗိုလ်ဝမ်ကတော့ စစ်မြေပြင်မှာရှိနေသူလည်းဖြစ်၊ ရှောင်းကျန့်ရဲ့ တာဝန်ချိန်မှာပါ ခေါ်ဆိုခဲ့တာကြောင့် တပ်ရင်းကဖုန်း(Private number) ကိုသာ ခေါ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း။ ]

" မင်း ပြောလေ၊ အစ်ကို ရှိတယ် "

တိုးသဲ့နွေးထွေးပြီး တစ်ချိန်တည်းမှာပဲ ချိုမြညင်သာတဲ့ အသံငယ်က ဖုန်းလိုင်းကတစ်ဆင့် စီးဆင်းကျလာတဲ့အချိန်မှာ ကောင်းကင်ကို ငြိမ်သက်စွာ မော့ငေးနေတဲ့ လုဟန်ရဲ့ မျက်ဝန်းတွေက တသိမ့်သိမ့်လှုပ်ခတ်လို့သွားရတယ်၊ဒီလိုအချိန်မျိုးတွေရောက်လာတိုင်းမှာ ရှောင်းကျန့်က သူ့ကိုယ်သူ "အစ်ကို" လို့ သုံးနှုန်းပြီး ပြောနေကြပါပဲ၊ အဲ့ဒီ့နာမ်စားကို ကြားလိုက်ရတဲ့အကြိမ်အရေအတွက်တိုင်းမှာလည်း လုဟန်ကဘာကြောင့်မှန်းမသိလိုက်ပဲ အမြဲလိုလို စိတ်သက်သာရာ ရသွားလေ့ရှိတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now