အပိုင်း ( ၃၀ )

6.9K 905 98
                                    


" ဗိုလ်မှူးဘတ်ဟျွန်း သူလျိုဝင်ခဲ့တဲ့ Shibu ဂိုဏ်းက မင်းတို့ကိုရီးယား ပြန်လာကတည်းက ပြိုကွဲသွားပြီဆိုတော့..

အဓိကသတိထားဖို့လိုနေတာက Phoenix ဂိုဏ်းပဲ၊ လွန်ခဲ့တဲ့တစ်ပတ်တုန်းက သူတို့ ဂိုဏ်းချုပ်ကိုလုပ်ကြံခဲ့ပြီးပြီဆိုပေမဲ့ ထင်ထားတာထက် အင်အားတောင့်လွန်းတယ် "

ခန့်မှန်းထားသလိုဖြစ်မလာတဲ့ အစီအစဉ်ကြောင့် ဗိုလ်မှူးကြီး ရိဖန်က မျက်မှောင်ကုတ်လို့နေတယ်၊ အစည်းအဝေးပွဲမှာ လုပ်ကြံပြီးပြီးချင်းမှာ ကုန်တိုက်ပြိုကျမှုတဆက်တည်းဖြစ်သွားတာမို့ ရန်သူ့ဂိုဏ်းသားတွေကို ဆီးဖမ်းဖို့က ထင်သလောက်မလွယ်ခဲ့ပဲ အခြေအနေတွေရှုပ်ထွေးသွားခဲ့တယ်၊

ကိုရီးယားမှာရော၊ တရုတ်ပြည်အထိပါ ခြေဆန့်နိုင်တဲ့ အဲ့ဒီ့ မှောင်ခိုဂိုဏ်းက သူ့အင်အားကို စုစည်းပြီး နှစ်နိုင်ငံအကြားနိုင်ငံရေးအရှုပ်အထွေးဖြစ်အောင်လုပ်ဖို့ ပြန်လည်ကြိုးစားနေပြီဆိုတာကို သူလျိုတပ်သားဆီကနေ တစ်ဆင့်ကြားရတာမို့ လက်ဦးမှုရယူဖို့အတွက် အကွက်ချရင်း ရိဖန် အကြံအိုက်နေခဲ့တယ်၊

" KAI တို့ကို တိတ်တဆိတ်စစ်ဆေးဖို့ မှာထားတယ်၊ ရန်သူ့ဘက်ကို သတင်းပေးနေတဲ့တစ်စုံတစ်ယောက်က ကျောင်းက ဆရာတစ်ယောက်ယောက်၊တပည့်တစ်ယောက်ယောက်လည်းဖြစ်နိုင်တာမို့ ငါတို့က အေးဆေးဖြစ်နေတဲ့ပုံစံကို ပြဖို့လိုမယ်၊ ရန်သူအထင်သေးလာတာနဲ့အမျှ ဟာကွက်က ကျယ်လာမှာပဲ၊ သူတို့ခြေလှမ်းမှားတဲ့အထိ စောင့်ကြတာပေါ့ "

ဗိုလ်မှူးကြီးဆီက ရှည်လျားတဲ့စကားကို ဘတ်ဟျွန်းက သတိစွဲရပ်ပြီး ငြိမ်သက်စွာ နားထောင်နေခဲ့တယ်၊ စူးရှပြတ်သားတဲ့ မျက်ဝန်းအိမ်တွေနဲ့ သူ့မျက်စိရှေ့က ဗိုလ်မှူးကို တစ်ချက်ပြန်ကြည့်လိုက်တဲ့ ရိဖန်က စားပွဲခုံပေါ်မှာ တင်ထားပြီးသား လွှဲပြောင်းအမိန့်ကို ဗိုလ်မှူးဆီ ကမ်းပေးလိုက်တယ်။

" မင်းက တရုတ်ကို လိုက်သွားပါ၊
ကိုရီးယားတပ် အင်အားဖြည့်ဖို့ လိုနေပြီ "

ရုတ်တရက်အမိန့်စာကြောင့် ဘတ်ဟျွန်းရဲ့ မျက်နှာက အရောင်တောက်ပသွားတယ်၊ ခက်ခဲတဲ့ တာဝန်ဖြစ်လိမ့်မယ်လို့ ဆိုရပေမဲ့လည်း ချစ်သူရှိတဲ့အရပ်ဒေသက ဗုံးဆံနဲ့ပြည့်နှက်နေလည်း သူကတော့ နောင်တမရှိ အမြဲလှမ်းချင်နေခဲ့တာမို့ စက္ကန့်မဆိုင်းပဲ အဆင်သင့်ဖြစ်နေတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now