အပိုင်း ( ၅ )

12.4K 1.4K 130
                                    

မနက်စောစောစီးစီး ဆူညံနေတဲ့အသံတွေကြောင့် Sehun အိပ်နေရာကနေ လန့်နိုးလာတယ်၊ အခန်းတံခါးနားမှာ နံရံကို ကျောမှီရင်း သူ့ကို စောင့်ကြည့်ပေးနေတဲ့လူက Lu Han မဟုတ်တော့ပဲ Wang Yibo ဖြစ်နေတာမို့ သူ အနည်းငယ်လန့်သွားပေမဲ့လည်း အပြင်ဘက်မှာ ဘာဖြစ်နေသလဲဆိုတာ သိချင်စိတ်က ပိုပြင်းပြသွားတာမို့ အိပ်ယာပေါ်ကနေ မြန်မြန် ထလိုက်တယ်၊

" နိုးလာပြီလား Sehun "

" Yo! Adam တာဝန်ပြီးပြီလား၊
မနက်စာ စားရအောင်.. လာလေ "

အခန်းထဲ ထွက်လာတဲ့ Sehun ကို ပြုံးရွှင်ပြီး ကိုရီးယားလို ကြည်ကြည်လင်လင် နှုတ်ဆက်လိုက်တဲ့ ဒုဗိုလ်ကြီး D.O. နဲ့ ထမင်းစားခန်းထဲကနေ နွားနို့ခွက်ကိုင်ရင်း ကုန်းအော်နေတဲ့ Victor ရဲ့ တရုတ်လေသံက တစ်ချိန်တည်းထွက်လာတယ်၊

နားရှုပ်သွားတာမို့ Sehun တစ်ယောက် မျက်လုံးလေး ကလည်ကလည် ဖြစ်နေတုန်းမှာပဲ အသေအကျေ လုံးထွေးသတ်ပုတ်နေတဲ့ လူနှစ်ယောက်က ဧည့်ခန်းထဲက သစ်သားစားပွဲခုံပေါ် အရှိန်မထိန်းနိုင်ပဲ ၀ုန်းခနဲ ပစ်လဲကျသွားတာမို့ သူ လန့်ပြီး Yibo နောက်ကို ပြေးပုန်းလိုက်တယ်၊

" Ya.. မင်းတို့ နှစ်ယောက် ! အခု ခုံကို ချိုးလိုက်တာလား.. "

" မချိုးပါဘူး၊ သူ့အလိုလို ကျိုးသွားတာပါ.. "

ဒုဗိုလ် D.O. ရဲ့ ကိုရီးယားစကားနဲ့ဆူပူသံကို ခက်ခက်ခဲခဲ လုံးထွေးသတ်ပုတ်နေရာကနေ သူ့အောက်ရောက်သွားတဲ့ Lu Han ရဲ့မျက်နှာဆီ လက်သီးနဲ့ တစ်ချက်ပစ်ထိုးလိုက်ရင်း ဆင်ခြေပေးလိုက်တဲ့လူက ကိုရီးယားလျို့ဝှက်အဖွဲ့အစည်း Light Team ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ကြီး KAI ဖြစ်နေလေတယ်၊

" အမှန်တကယ်တော့.. ခုံက မခိုင်တာပါ "

သူ့အပေါ် တက်ခွနေတဲ့ KAI ကို အားနဲ့ပြန်ရုန်းကန်ပြီး ခုံပေါ်ကနေ ၀ုန်းခနဲ ကန်ချပစ်ပြီး အသာစီးရသွားတဲ့ Lu Han က တရုတ်လို ဖြေရှင်းစကားဆိုရင်း သူ့ဒူးခေါင်းနဲ့ KAI ရဲ့ ၀မ်းဗိုက်ကို အားပြင်းပြင်း လှမ်းတိုက်လိုက်တယ်။ နာနာကျင်ကျင်ညည်းတွားလိုက်တဲ့ KAI အစား Sehun ပါ နာလာသလိုပဲ၊

" သူတို့က ဘာအတွက် ရန်ဖြစ်နေကြတာလဲဟင် "

" ရန်ဖြစ်တာမဟုတ်ဘူး၊ နှုတ်ဆက်နေကြတာ.. "

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now