အပိုင်း ( ၂၆ )

7.1K 1.1K 182
                                    

" ဘာက စိတ်ဝင်စားစရာကောင်းလို့လဲ "

အဲ့ဒီ့အချိန်ကာလက ဂျုံအင်နဲ့ ဂျောင်ဆူးတို့ လမ်းခွဲအပြီး သုံးလအကြာမှာဖြစ်တယ်၊

အရေးပေါ် စစ်ဆင်ရေးရှိတာမို့ နှစ်ဦးတည်းသွားရမဲ့ ဘတ်ဟျွန်းနဲ့ ဂျုံအင်က သီးသန့်အခန်းထဲမှာ ပြင်ဆင်နေကြပေမဲ့ အရင်ဆုံးပြင်ဆင်ပြီးသွားတဲ့ ဂျုံအင်က တစ်ဖက်အခန်းကို ကာရံထားတဲ့ အနောက်သားမှန်ချပ်ကို စိတ်ဝင်တစားကြည့်နေတာမို့ ဘတ်ဟျွန်းက လှမ်းမေးလိုက်ခြင်း၊ ခုံပေါ်မှာလက်ထောက်ထားတဲ့ ဂျုံအင်က အကြည့်မလွှဲပဲပြန်ဖြေတယ်၊

" ကျွန်တော့်ရဲ့ ဒုဗိုလ်လေးပါ "

ဟုတ်တယ်..။

အကြည်သားမဟုတ်တဲ့ မှန်ကာရံထားတဲ့တစ်ဖက်တစ်ချက်မှာ ဒုဗိုလ်လေး ဒိုဂျောင်ဆူးက ရှိနေခဲ့တယ်၊အစီရင်ခံစာကို စိတ်ဝင်တစားရေးနေတဲ့ တိတိကျကျမဟုတ်ပဲ ဝေေ၀ဝါးဝါးမြင်နေရတဲ့ မှန်ရိပ်လေးဖြစ်တယ်၊ အဲ့ဒီ့လို သေးငယ်မပြတ်မသားပုံရိပ်ကလေးကိုတောင် တမြတ်တနိုးငေးကြည့်ပြီး ငြိမ်သက်နေတဲ့ ဂျုံအင်ကြောင့် ဘတ်ဟျွန်းက မနှောင့်ယှက်တော့ပဲ ဘေးနားမှာ အသံတိတ်နေပေးလိုက်တယ်၊

ချစ်ရိပ်တွေလွှမ်းတဲ့ မျက်ဝန်းအိမ်တွေကို ပိုင်ဆိုင်တဲ့ ဗိုလ်ကြီးဂျုံအင်က နှုတ်ခမ်းသားကိုခပ်တင်းတင်းစေ့ရင်း သူမြင်ရတဲ့ပုံရိပ်ကလေးကို ပန်းလေးတစ်ပွင့်ကြွေလွင့်သွားမှာ ကြောက်နေသလိုမျိုး.. လက်ချောင်းလေးတွေနဲ့ တနူးတညံ့လေးထိတယ်၊

ဒါလေးက.. မျက်လုံးလေး၊
ဟော့ဒါက နှာခေါင်းလေး..၊
ပြီးတော့ နှုတ်ခမ်းလေး၊

အသက်အန္တာရာယ်ကို ထိခိုက်နိုင်ခြေများတဲ့ စစ်ဆင်ရေးသွားရတဲ့အချိန်တိုင်းမှာ ကျန်ရစ်သူမိသားစုတွေ၊ချစ်မြတ်နိုးသူတွေအတွက် ရည်ရွယ်ပြီး မဖြစ်မနေရေးရတဲ့ သေတမ်းစာစောင် အပြီးသတ်လိုက်တဲ့ ဘတ်ဟျွန်းက သူ့လည်ပင်းက IDတံဆိပ်စစ်သားဆွဲကြိုးကို ဖြုတ်ရင်းနဲ့မေးတယ်။

" သူ့ကို အရမ်းချစ်တာပဲလား "

အမေးစကားကြောင့် ဂျုံအင်က သူ့ရှေ့မှာ အပြီးသတ်ပြီးသွားတဲ့ ချစ်ရတဲ့သူအတွက်ရည်ရွယ်တဲ့ စာစောင်လေးကို ငုံ့ကြည့်တယ်၊ ဒုဗိုလ် ဒိုဂျောင်ဆူး ဆိုတဲ့ နာမည်လေးကို လက်ညိုးလေးနဲ့ ဖြည်းဖြည်းချင်း ထိတွေ့ရင်း ပြန်အဖြေပေးတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now