အပိုင်း ( ၈ )

9.5K 1.5K 121
                                    

[ Only : Yizhan part ]

" တကယ်ပါပဲ၊ ငါ့အစ်ကို သိပ်ရက်စက်.. အ!
အသေသတ်နေတာလား!!"

စစ်သားလေး Lu-Han က သူ့လက်တစ်ခုလုံးကို ဆရာဝန်ဖြစ်ခါစ Xiao Zhan ဆီမှာ အပိုင်ပေးထားရတယ်၊ ဟိုတစ်ကွက်သည်တစ်ကွက် အညိုမဲစွဲနေတဲ့ သူ့လက်ကတော့ Xiao Zhan ရဲ့ ကြိုးကြိုးစားစား လေ့ကျင့်ထားတဲ့ အပ်ရာတွေနဲ့ မွစာကျဲလုမတပ်ဖြစ်နေပြီ၊

" ဆောရီးပါကွာ.. "

အပ်နဲ့မှားထိုးမိလို့ သွေးအနည်းငယ်စို့လာတဲ့နေရာကို ဂွမ်းစလေးနဲ့ ဖွဖွလေး ဖိပေးရင်း သူ သွားလေးဖြဲပြလိုက်တယ်၊ မှုန်ကုတ်စူပုတ်နေတဲ့ Lu-Han ကတော့ သူ့အစ်ကို ကို စိတ်ကောက်ချင်စပြုလာပြီ၊

" ဘာလဲ၊ ဒီအခြေအနေကြီးက..! Wang Yibo အတွက် ငါက လက်မောင်းတစ်ခုလုံး အနစ်နာခံပေးနေရတာလား၊ ဒီညီလေးကို ရက်ရက်စက်စက် နှိပ်စက်ရဲတယ်ပေါ့"

စွာလန်နေတဲ့ Lu-Han ရဲ့ ပါးစပ်ထဲကို Xiao Zhan က ချောကလက်မုန့်တစ်ခုထိုးထည့်ရင်း နှစ်သိမ့်တယ်၊ စိတ်တိုစွာ သွားကို ခပ်ကြမ်းကြမ်းအသုံးပြုနေတဲ့ Lu Han က မုန့်ကို အနောက်ကျားလိုက်လာသလို ဝါးပစ်ရင်း သူ့အစ်ကို ကို မုန့်နဲ့အတူမြိုချကိုက်ဝါးချင်နေပုံနဲ့ ကြည့်တယ်၊

" အချိုဓာတ်က Stress ပြေတယ်၊ ကောင်းကောင်းစားပြီး ငြိမ်ငြိမ်နေ၊ ဆူညံနေရင် ငါ အာရုံစိုက်လို့ရမှာမဟုတ်ဘူး "

" ငါက မင်းရဲ့ ညီရော ဟုတ်ရဲ့လား၊
ဒီမှာ အစ်ကိုကြီး Xiao Zhan ! အခု ကျွန်တော့်ကို စိတ်ဒဏ်ရာရအောင် လုပ်နေတာလားခင်ဗျာ "

ပါးစပ်ထဲမှာ မုန့်အပြည့်နဲ့ Lu Han က အားရပါးရ အော်ပြောနေတာမို့ မုန့်စမုန်နတွေ Xiao Zhan ဆီပြေးဝင်လာတယ်၊ မျက်နှာမှာပေသွားတဲ့ ချောကလက်မုန့်စတွေကို လက်နဲ့ သပ်ချလိုက်တဲ့ သူက Lu Han ရဲ့ လက်မောင်းကို အာရုံစိုက်လိုက်ရင်း ပါးစပ်က ပွစိပွစိရွတ်တယ်၊

" မင်းကို ငါ့ညီ လို့မပြောခဲ့ပါဘူးနော်၊မိုးရွာတဲ့ညမှာ မားမားက မင်းကို အမှိုက်ပုံထဲက ကောက်လာတာ..၊ အခုက အရွယ်လည်းရောက်နေပြီဆိုတော့ အမှန်တရားကို ခံနိုင်ရည်ရှိလောက်ပါပြီ၊ ငါ အခုပဲ ၀န်ခံလိုက်တော့မယ်နော်.. မင်းက မွေးစားသားလေး သိလား ၊ အဲ့ဒါမို့ ငါက နှိပ်စက်နေတာ.. နားလည်ပြီလား "

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Donde viven las historias. Descúbrelo ahora