အပိုင်း ( ၇ )

9.6K 1.4K 38
                                    

ပေကျင်းဆေးရုံ ၊

Chan Yeol တစ်ယောက် အဆောက်အဦးထဲ ၀င်လိုက်ချင်းချင်းမှာပဲ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်၊ ဆေးနံ့ ၊ သွေးနံ့ ပြီးတော့ ပျားပန်းခတ်မျှ ပြေးလွှားအလုပ်ရှုပ်နေတဲ့ ဆရာဝန်တွေ.. ဒီလိုအရာတွေကို ပေကျင်းကိုရောက်လာကတည်းက မမြင်ရ၊မထိတွေ့ရတာ အရမ်းကိုကြာလွန်းနေပြီလို့ သူ ခံစားနေရရင်း ဆေးရုံပတ်ပတ်လည်ကို စိတ်ကျေနပ်တဲ့အထိ လျှောက်ကြည့်နေလိုက်တယ်၊

ငါ ဘာတွေအချိန်ဖြုန်းပြီး အိမ်ထဲမှာပဲအောင်းနေမိပါလိမ့်၊
အစောကတည်း ဒီကို လာခဲ့ရမှာ..။

ဖခင်က ဆေးရုံဥက္ကဌမို့ ငယ်ငယ်ကတည်းဆေးရုံမှာ ကြီးပြင်းခဲ့ရတဲ့ Chan Yeol က ဆေးနံ့တွေကို တွယ်တာတယ်၊ ဖခင်ရဲ့ အရှိန်အဝါကြောင့် Se-hun ရဲ့ ကျန်းမာရေးအခြေအနေကို လျို့ဝှက်စောင့်ကြည့်စစ်ဆေးပေးရတဲ့ ကိုယ်ပိုင်ဆရာဝန်ဖြစ်ခဲ့ရပေမဲ့ ဆရာဝန်လောကမှာတော့ တကယ့်ကိုတော်ပြီးထက်မြက်တာမို့ အားလုံးက ချစ်ခင်လေးစားကြတယ်၊ ကိုရီးယား ဟန်ဆေးရုံမှာဆို Chan Yeol က သူ့ဖခင်ပြီးရင် ဒုတိယပါဝါအရှိဆုံးလို့တောင်ပြောရမယ်၊

ဒါပေမဲ့ အဲ့ဒီ့ ဂုဏ်သိက္ခာတွေ၊ ပုံရိပ်တွေက ပေကျင်းရောက်မှ အစိတ်စိတ်အမွှာမွှာကွဲကြေရတော့တာပဲ၊ အသည်းငယ်တဲ့ Chan yeol အတွက်တော့ ဒီလို အခြေအနေမျိုး အသိုင်းအ၀ိုင်းမျိုးက ပထမဆုံးကြုံတွေ့ရတာမို့ အမြဲတမ်းထိတ်လန့်နေရတယ်.. သေနတ်တွေကြားမှာ ရှင်သန်ရတာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းသလဲ.. လို့..။

တွေးရင်းနဲ့ သူ့နောက်ကနေ မျက်ခြေမပြတ် တကောက်ကောက်လိုက်နေတဲ့ သာမာန်အရပ်ဝတ်စုံနဲ့ ကိုရီးယားတပ်သားနှစ်ယောက်ကို မျက်စောင်းလှမ်းထိုးပစ်လိုက်တယ်၊ Se-hun ကို စောင့်ရှောက်တာက ဟုတ်ပါပြီ၊ ဘာလို့ ငါ့ကိုပါ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေကြသလဲမသိ၊

နှုတ်ခမ်းစူရင်း တစ်ဦးတည်းစိတ်ကောက်ချင်လာသလိုဖြစ်တဲ့ Chan Yeol က သူ့ခြေတံရှည်ကြီးနဲ့ ခြေလှမ်းကျဲကျဲကြီးတွေ လျှောက်ပစ်လိုက်တယ်၊ အရှေ့ကနေ လွှားကခနဲ လွှားခနဲ ပြေးမတက်သွားနေတဲ့ သူ့ကြောင့် အနောက်က ကိုရီးယားတပ်သားတွေကလည်း ခြေလှမ်းတွေက တဖြည်းဖြည်းမြန်လာရတယ်၊ ပြေးတမ်းလိုက်တမ်း ကစားရင်း အူမြူးလာတဲ့ Chan Yeol က ကလေးဆန်စွာ တဟိဟိ အသံထွက်တဲ့အထိရယ်ပြီး တပ်သားတွေကို ပညာပြရင်းကျေနပ်နေတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now