အပိုင်း ( ၂၃ )

7.5K 917 292
                                    

~ ငါ့တို့ရဲ့နယ်နမိတ်ကို ဘ၀အဆုံးသတ်တိုင်သည်ထိ ကာကွယ်ကြမယ် ၊ တိုက်ခိုက်ရင်း အလုပ်လုပ်ပြီး၊ အလုပ်လုပ်ရင်း တိုက်ခိုက်ကြမယ် ~

Song of Homeland defense ( 1968 ) ကို အားမာန်အပြည့်နဲ့အော်ဆိုရင်း ကွင်းပတ်ပြေးနေတဲ့ တပ်သားတွေကို ဘတ်ဟျွန်းက သေချာစစ်ဆေးနေတယ်၊စူးရဲအေးခဲတဲ့ မျက်လုံးအကြည့်တွေကို ပိုင်ဆိုင်ပြီး၊ တောင့်တင်းခိုင်မာ၊ ယောက်ျားပီသတဲ့ပုံစံနဲ့ သူက ပင်ပန်းရက်စက်တဲ့အပြစ်ဒဏ်တွေလည်း ပေးတတ်တာကြောင့် တပ်သားတွေအားလုံးက သူ့အပေါ်မှာ ကြောက်ရွံ့ရိုသေကြတယ်၊

" အလေးပြု "

အမြန်ပြေးလာတဲ့ သတင်းပို့တပ်သားလေးကို ဆတ်ခနဲလှည့်ကြည့်တဲ့ ဘတ်ဟျွန်းက လက်မှာပတ်ထားတဲ့ နာရီကိုတစ်ချက်ကြည့်ရင်း သူ့လက်အောက်ငယ်သားတွေကို တန်းဖြုတ်ခိုင်းလိုက်တယ်၊

" ဧည့်သည်ရောက်နေပါတယ်၊ ဗိုလ်မှူး "

ခေါင်းတစ်ချက်ဆတ်ပြပြီး ပြန်အလေးပြုလိုက်တာကြောင့် သတင်းပို့ခြင်းပြီးဆုံးတာမို့ သူ့တာဝန်ကျေသွားတဲ့ တပ်သားလေးက ပြန်လှည့်ထွက်သွားတယ်၊အဲ့ဒီ့နောက် ဧည့်သည်စောင့်နေမဲ့နေရာကို အရင်မသွားပဲ တပ်ရင်းထဲပြန်ဝင်လာတဲ့ ဘတ်ဟျွန်းက ခုံတန်းပေါ်မှာ ကားယားကြီး အိပ်နေတဲ့ ဂျုံအင့်ရဲ့ ကျောပြင်ကို တဖတ်ဖတ်ရိုက်ရင်း လှုပ်နှိုးတယ်၊

" ဘာလဲ၊ ဘာလဲ "

တာဝန်ချိန်ပြီးတာမို့ ခဏအနားယူနေတဲ့ ဂျုံအင်က အိပ်မှုန်စုန်မွှားနဲ့ထလာတော့ ဘတ်ဟျွန်းက သူ့အရှေ့မှာ တည့်တည့်ရပ်လိုက်တယ်၊ ပြီးတော့ သူ့မေးစေ့ထိ စီးကျနေတဲ့ ချွေးတွေကို ဘေးက အလိုက်သိတဲ့တပ်သားလေးတွေက ကမ်းပေးတဲ့ မျက်နှာသုတ်ပုဝါစနဲ့ ခပ်ကြမ်းကြမ်းပွတ်သုတ်ရင်း မေးတယ်၊

" ငါ့ကို ကြည့်စမ်း၊ အရမ်းကြည့်ရဆိုးနေလား "

" မင်းက အမြဲတမ်း စုတ်ပြတ်သတ်နေတာပဲကို.. "

ဝှားခနဲ သန်းဝေပြီး ဆောင့်ကြောင့်ထိုင်လိုက်တဲ့ ဂျုံအင့်ဆီက ပကတိရိုးသားကောင်းမွန်တဲ့အဖြေကြောင့် ဘတ်ဟျွန်း ထုသတ်ချင်စိတ်ပေါက်သွားတယ်၊ လက်ထဲက ပုဝါနဲ့ ပစ်ပေါက်လိုက်တော့ တအီးအီးအော်ရင်း ရှောင်ရှားတဲ့ ဂျုံအင်က အခုမှ အပြည့်အ၀ နိုးသွားပုံနဲ့ ဘတ်ဟျွန်းကို ဝေဖန်ဖို့စတင်တယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now