အပိုင်း ( ၃ )

13.9K 1.7K 194
                                    

" အိုင်းယား... ဒီလိုမှန်းသိရင်.. ငါ သူ့ကို အဲ့ဒီ့နေ့ကတည်းက ကောင်းကောင်းမွန်မွန်ဆက်ဆံလိုက်ပါတယ်၊ Adam.. မင်းပဲပြောကြည့်၊ ငါတို့ သူ့ကို ကယ်ရင်း ဘာအမှားမှမလုပ်မိလိုက်ပါဘူးနော် "

" မသိဘူး "

သူ့ရဲ့ အမေးကို ပြတ်သားတိကျစွာပြန်ဖြေလာတဲ့ Yibo ကြောင့် Lu Han က စိတ်ပျက်ဟန်ခပ်လေးလေး ခေါင်းရမ်းလိုက်တယ်၊ ဒီသနားစရာ တစ်လမ်းမောင်းဒုဗိုလ်ကတော့ ရာထူးတက်အောင် ဘယ်လိုလုပ်ရမလဲသိပုံမပေါ်ဘူး၊ အဲ့လိုခေါင်းမာလွန်းလို့လည်း သူပုခုံးပေါ်က ကြယ်ပွင့်တွေက ပြုတ်လိုက်တက်လိုက်ဖြစ်နေရတာပဲမလား။

" မင်း အဲ့လိုပုံစံမျိုးနဲ့.. ၊ ကျစ်.. ငတုံး "

ခေါင်းဆုံးခြေဆုံးကြည့်ပြီး ပျစ်ပျစ်နှစ်နှစ်ဝေဖန်လိုက်တော့ Yibo ရဲ့ မကြည်မလင်အကြည့်က သူ့ပေါ်ရောက်လာတယ်၊တကယ်ဆို Yibo က သူ့နဲ့batchတူပေမဲ့ အထက်ကိုဖီဆန်ပြီးကယ်တင်ရှင်လူစွမ်းကောင်းလုပ်လွန်းလို့ ရာထူးတဆင့်နိမ့်သွားရခြင်းပင်..၊

" ကြည့်စမ်း.. အထက်လူကြီးကို ပမာမခန့်ကြည့်ပြန်ပြီ၊
စိန်ခေါ်ချင်လို့လားခင်ဗျာ ၊ ဒီနေရာမှာ လက်ရည်စမ်းမလို့လား။ "

" စမ်းမယ်လေ "

ဒီစကားကိုတော့ Yibo က တက်တက်ကြွကြွတုန့်ပြန်လာရင်း ခါးကိုမတ်မတ်ထားပြီး အသင့်ပြန်ဟန် ခန္ဓာကိုယ်ပါ ပြင်ရပ်လာတာမို့ Lu Han က စုတ်တစ်ချက်သပ်ရင်း Yibo လက်မောင်းကို နှစ်ချက်လောက် လှမ်းရိုက်လိုက်တယ်၊ ဒီလူကတော့.. မဟုတ်တဲ့နေရာမှာ အရမ်းကို စိတ်အားထက်သန်တာပဲ။

" ဟုတ်လား.. ငါကတော့ မစမ်းချင်ဘူး၊ ဒီလိုပြည့်ဝတဲ့ အင်အားတွေကို နိုင်ငံတော်အတွက်ပဲ အသုံးချစမ်းပါ ၊ မဖြုန်းတီးစမ်းပါနဲ့ .."

သူလိုရာဘက် စကားလျှောချသွားတဲ့ Lu Han ကို Yibo က မျက်မှောင်တွန့်ကြည့်လိုက်တယ်၊ ပြီးတာနဲ့ သူ့ကို လှည့်ပတ်စနောက်နေတဲ့ Lu Han ကို ဘေးမဲ့ပေးလိုက်ရင်း ဆက်ပြီး အထုတ်အပိုးပြင်ဆင်နေလိုက်တယ်၊ သမ္မတရဲ့ သားငယ်လေး တည်းခိုတဲ့ဆီကို သူတို့အားလုံးပြောင်းနေ ရတော့မှာမို့ အခုလိုပြင်ဆင်နေခြင်းဖြစ်ပေမဲ့ အဖွဲ့ခေါင်းဆောင် Lu Han ကတော့ Yibo ရဲ့ အိပ်ယာနေရာပေါ် ၀ုန်းခနဲလှဲချရင်း အပျင်းတစ်လို့ကောင်းဆဲ ရှိနေသေးတယ်။

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now