အပိုင်း ( ၂၄ )

7K 933 111
                                    

[ သတိပေးချက် :  စာပိုဒ်အစက အချိန်နာရီလေးတွေကို သေချာလေး ဖတ်ပေးပါနော်၊ အခြေအနေတွေက များသောအားဖြင့် တစ်ပြိုင်တည်းဖြစ်နေတာမို့ ရောကုန်မှာစိုးလို့။

Warning : စိတ်အပြောင်းအလဲခံစားမှုလေးတွေ ရှိနိုင်ပါတယ် ]

" ဟယ်လို "

တတီတီမြည်နေတဲ့ ဖုန်းကို အိတ်ကပ်ထဲက ထုတ်ကိုင်လိုက်တဲ့ ရှောင်းကျန့်က ဟန်ဂမ်းစူပါမားကတ်ကို သွားတဲ့လမ်းမှာ ရှိနေတယ်၊ တာဝန်ပြီးမြောက်သွားတာမို့ ဖုန်းအဆက်အသွယ်လုပ်ပုံရတဲ့ ၀မ်ရိပေါ်ကို သူ ကိုယ်တိုင်ကလည်း လွမ်းဆွတ်နေခဲ့တာကြောင့် နှုတ်ခမ်းတွေက ပြုံးသွားရတယ်၊

" ပြော၊ ဘာလဲ "

" ဘယ်မှာလဲ "

ရိပေါ်ရဲ့အမေးကြောင့် ရှောင်းကျန့်က သူ့ဘေးဘီဝဲယာကို တစ်ချက်လည်ကြည့်တယ်၊ လူတွေရှုပ်ထွေးပေါများတဲ့ ဒီနေရာလေးက သူတည်းခိုတဲ့ အိမ်တော်နဲ့တောင် အတော်လေးလှမ်းလာခဲ့ပြီ၊ မျက်စိရှေ့က တရုတ်အစားအစာဆိုင်မှာ မျက်လုံးအကြည့်တွေ တန့်သွားတဲ့ ဆရာဝန်လေးက အမှတ်တရတစ်ခုကို တွေးမိသွားပြီး ယုန်သွားဖြူဖြူလေးတွေ ပေါ်လာတဲ့အထိ ရယ်တယ်၊

" အင်း.. လမ်းပေါ်မှာ.. "

" ဘယ်လမ်းလဲ? "

" ဘယ်လမ်းပဲဖြစ်ဖြစ်ပေါ့၊ ငါက မင်းကို ပြောပြစရာလား၊ ဒီအတိုင်းပဲ လမ်းလေ.. လူသွားလမ်း "

ရယ်သံလေးစွတ်နေရာကနေ တန့်သွားပြီး စိတ်မရှည်စွာ ပိတ်ဟောက်လိုက်တော့ သုံးစက္ကန့်လောက်တော့ ငြိမ်ကျသွားသေးတယ်၊ ဒါပေမဲ့ အချိုးပြေမယ်ထင်သလား..၊ နိုးးး... ၀မ်ရစ်ပေါ်ကတော့ ၀မ်ရစ်ပေါ်ဖြစ်နေတုန်းပါပဲ၊ စစ်ဆင်ရေးတွေပြီးသွားတိုင်း အနားယူရတဲ့အချိန်တွေမှာ ခုံတန်းပေါ်ကားယားကြီး လှဲပြီး ရှောင်းကျန့်ကို ရစ်နေကြ..။

" ဖုန်းကို ဘယ်လက်နဲ့ကိုင်ပြီးပြောနေတာလဲ "

" ညာဘက်.. "

သူမေးလိုက်မှ ကိုယ့်ဟာကိုယ်ပြန်စစ်ဆေးမိတဲ့ ရှောင်းကျန့်က အတိအကျဖြေပေးလိုက်တယ်၊အင်တာဗျူးဖြေနေရသလိုမျိုး နောက်ထပ်မေးခွန်းတစ်ခုက ထပ်ရောက်လာပြန်တယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now