အပိုင်း ( ၉ )

9.5K 1.2K 57
                                    

" နောက်တစ်ခေါက် ပြန်ရစ်ပေး၊ "

CCTV မြင်ကွင်း မှာ အာရုံစိုက်နေတဲ့ KAI က စက်သမားကို နောက်တစ်ကြိမ်ပြန်ရစ်ခိုင်းလိုက်တယ်၊ ထိတ်လန့်နေတဲ့ Chan Yeol ကို သေနတ်နဲ့ ချိန်ထားတဲ့ ဆရာဝန်ဝတ်စုံနဲ့လူက ကိုရီးယားမှာ ပြစ်မှုအများကြီးကြုံထားတဲ့လူမို့ သူ ရင်းရင်းနှီးနှီး သိနေတယ်၊ ဒါပေမဲ့ သူက.. အခုလက်ရှိပြဿနာတွေနဲ့ ဆက်စပ်နေတဲ့ မီးဌက်(Phoenix)ဂိုဏ်းကမှ မဟုတ်ပဲ၊

" KAI .. အခြေအနေဘာထူးလဲ၊"

နားကြပ်ကနေတစ်ဆင့် ရုတ်တရက် လှမ်းမေးလိုက်တဲ့ Kyung Soo ရဲ့ အသံကြောင့် Screen ကို တအားအာရုံစိုက်နေတဲ့ KAI က ကိုယ်ကို ဆတ်ခနဲပြန်မတ်မိလိုက်တယ်၊အဲ့ဒီ့အေးမြသာယာတဲ့အသံငယ်က နှလုံးသားထဲကို ပျော်ဆင်းနွေးထွေးသွားစေပြီး စိတ်လှုပ်ရှားစွာ အလိုအလျောက်တုံ့ပြန်သွားတဲ့ သူ့ခန္ဓာကိုယ်ကြောင့် အနေရခက်စွာ .. လည်ပင်းကိုပွတ်လိုက်ရင်း ပုံမှန်လေသံနဲ့ စကားပြန်တယ်၊

" ပြောရမှာတော့ နည်းနည်းရှုပ်တယ်၊ ငါတို့ရဲ့ မိတ်ဆွေဟောင်းကို ပြန်ဆက်သွယ်ရမယ်ထင်တယ်၊ မဟုတ်ဘူး... Chan ရဲ့ မိတ်ဆွေဟောင်းလို့ ပြောရမလားပဲ "

တစ်ခုခုကို ဆက်စပ်တွေးမိရင်း ပြုံးရယ်တော့မလိုဖြစ်သွားတဲ့ KAI က သူ့ရဲ့တပ်သားတွေကို CCTV မှတ်တမ်းတွေ ကူးယူဖို့ အမိန့်ပေးလိုက်ပြီး နေရာကနေ ထထွက်သွားတယ်၊အခန်းအပြင်ကို ရောက်ရောက်ချင်းမှာပဲ အိပ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်ရင်း ရုံးချုပ်က အသိကို ဖုန်းခေါ်လိုက်တယ်၊

" အလေးပြု၊
ကျွန်တော် ဗိုလ်ကြီး KAI ပါ၊
စီနီယာ Eun က ShiBou မှာ တာဝန်ကျနေတုန်းပဲမလား "
.

.

.

.

.

.

" အားးးး "

သတိလစ်နေရာကနေ နိုးနိုးလာချင်း မတုံ့မဆိုင်းပဲ ရင်ခေါင်းသံကြီးနဲ့ထအော်လိုက်တဲ့ Chan Yeol ကြောင့် သူ့ဘေးမှာရပ်ပြီးစောင့်ကြည့်နေတဲ့ လူတွေအားလုံးနားပိတ်လိုက်ကြတယ်၊ ထိုင်ခုံမှာ အချုပ်ခံထားရတာမို့ သူ့ကို ချည်ထားတဲ့ ကြိုးတွေကနေ chan yeol အတင်းရုန်းထွက်ရင်း စိတ်ထဲမှာလည်း ခြောက်ခြားလာရတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now