အပိုင်း ( ၁၂ )

9.4K 1.1K 26
                                    

[ ChanBaek Part ]


ချစ်ခြင်းရဲ့ အလှပဆုံးအစိတ်အပိုင်းက ဘာလဲ ?








" ပိုက်ဆံပေး "

ချမ်းသာကြွယ်ဝသည့်အမျိုးအနွယ်မှ ဆင်းသက်လာပြီး နေရာတကာ ကြောက်တတ်လန့်တတ် အသည်းငယ်ရှာတဲ့ Chan Yeol အတွက် ဒီအခြေအနေက မဟာဒုက္ခကြီးပင်ဖြစ်လေတယ်၊ လူသူရှင်းလင်းတဲ့ လမ်းကြားထဲမှာ အမြဲလိုလို အနိုင်ကျင့်ခံရ၊ လွယ်အိတ်ကို မှောက်ချခံရ၊ ပိုက်ဆံညစ်ခံရတာမို့ ဒီဘ၀ကြီးကို သူ မုန်းတီးနာကျင်လှပြီ၊

" ငါ.. ငါ့ဆီက ပိုက်ဆံတွေအားလုံး မင်းတို့ပဲ ယူသွားတာလေ.. အခု မရှိတော့ဘူး "

ငုတ်တုတ်ကလေး ထိုင်ချနေရာကနေ တုန်တုန်ယင်ယင်နဲ့ သူ ပြန်ဖြေမိတော့ မျက်စိရှေ့က အတန်းဖော်လူဆိုးကောင်က သူ့လက်ထဲက တုတ်ချောင်းရှည်ကို မြေကြီးမှာ တတောက်တောက်ခေါက်ရင်း Chan Yeol ကို မဲ့ပြုံး ပြုံးပြလေတယ်၊

" မင်းမေမေက ပိုက်ဆံထပ်မပေးတော့ဘူးလား၊ လူချမ်းသာလေးရဲ့ "

ကြမ်းတမ်းနေတဲ့လက်ကြီးနဲ့ သူ့ပါးပြင်ကို တဖျတ်ဖျတ်ရိုက်ချရင်း မေးတာမို့ ထူပူနာကျင်လာတဲ့ Chan Yeol က မျက်ရည်ဝဲစပြုလာပြီ၊ သူ့ထက်အရပ်ရှည်လျားထွားကြိုင်းတဲ့ ကျောင်းသားတွေမို့ အားနည်းတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ သူက ရင်ဆိုင်တိုက်ခိုက်လည်း သွေးသံရဲရဲနဲ့ ရှုံးနိမ့်ခဲ့တာပဲမလား၊

" ငါ့မှာ.. တကယ်မရှိတာပါ "

" အာ.. ဒီကောင်! ပြောရဆိုရခက်လိုက်တာ
တစ်ချက်လောက်ရိုက်လိုက်မှ အသိစိတ်ဝင်မယ်ထင်တယ် "

မြှောက်တက်လာတဲ့ သစ်သားတုတ်ချောင်းကြောင့် Chan Yeol လန့်ထိတ်တုန်ရီစွာနဲ့ မျက်လုံးမှိတ်ချလိုက်တယ်၊ အမြန်ရှောင်ရှားလိုက်ချင်ပေမဲ့ ၀မ်းဗိုက်ကို အထိုးခံထားရတာမို့ စူးရှအောင့်တက်နေတဲ့ ခံစားမှုနဲ့အတူ မျက်ရည်တွေ သွန်ကျလုမတတ်ဖြစ်လာတယ်.. တစ်ယောက်ယောက်ကများ မကယ်တင်နိုင်ဘူးလား၊

" ဟေ့ ကျောင်းသားတွေ "

သူ့ဆီရောက်ရှိလာမဲ့ နာကျင်မှုကို ပထမဆုံးရပ်တန့်အောင် လုပ်ပေးခဲ့တဲ့ အသံပိုင်ရှင်က Chan Yeol လိုပဲ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပိုင်ရှင် အစ်ကိုတစ်ယောက်ဖြစ်နေခဲ့တယ်၊ ဘယ်သူတစ်ဦးတစ်ယောက်မှ ကယ်တင်ပေးခဲ့ခြင်းမရှိတဲ့ သူကိုယ်တိုင်လက်လျော့ထားရတဲ့ သူ့ရဲ့ ပင်ပန်းနာကျင်စရာဘ၀ကို အဲ့ဒီ့လူက အလင်းပွင့်လေးတစ်ပွင့်နှယ် လမ်းပြ ဆောင်ကျဉ်းပေးလိုက်သလိုပါပဲ

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now