အပိုင်း ( ၃၈ )

6.6K 901 118
                                    

[ Only Yizhan & Xingho

စစ်ဆင်ရေးသွားရမယ့် အစ်ကိုကြီးတွေအတွက် ရိုလိုက်ပါပြီ]

ကိုရီးယားဆေးရုံကြီးက သူနာပြုတွေ၊ဆရာဝန်တွေအကြားမှာ ဒေါက်တာဂျွန်မြောင် သွားရာနောက်ကို တကောက်ကောက်လိုက်နေတဲ့ တရုတ်လူချောလေးကျန်းရီရှင်းရဲ့ အကြောင်းက နံပါတ်တစ် စိတ်ဝင်စားဖွယ်သတင်းဖြစ်လို့နေတယ်၊

" ချစ်ခွင့်ပန်ထားတယ်တဲ့ "

" အဖြေပြန်မရသေးလို့ တရုတ်ကို မပြန်တာထင်တယ် "

" ဟယ် .. ငါတို့ ဒေါက်တာလေးက ချေထားတာပေါ့ "

လူနာကို စစ်ဆေးပေးနေတဲ့ ဂျွန်မြောင့်မျက်နှာက တီးတိုးကြားနေရတဲ့ စကားသံတွေကြောင့် တဖြည်းဖြည်းနဲ့ နီရဲလို့လာပြီဖြစ်တယ်၊ ခေါင်းကို စောင်းငဲ့ကြည့်မိတော့ နားမရှိပုံထောက်တဲ့ ကျန်းရီရှင်းက လူနာရှင်တွေထိုင်တဲ့ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး သူ့ကို ပြုံးလို့တောင်ကြည့်နေသေးတယ်၊ ထင်းလင်းနေတဲ့ ပါးချိုင့်တစ်ဖက်ဟာ တကယ့်ကို မုန်းစရာ၊ ဒီလို stalker ကြီးကို ငါ ဘာလို့များ သဘောကျမိခဲ့ပါလိမ့်၊

" စိတ်တိုဖို့ကောင်းတယ် "

အရေးထဲ ဒီလိုလူရမ်းကားကို သူနာပြုမလေးတွေက ဖုံးတစ်လှည့်ကွယ်တစ်လှည့် အထာပေးလို့နေသေးတယ်၊ အမြင်ကပ်စရာသိပ်ကောင်းတာကိုများ ဘယ်နေရာက ကြည့်ကောင်းပြီး ဘယ်လိုများချောနေပါလိမ့်၊ ပွစိပွစိရွတ်တဲ့ ဂျွန်မြောင်က အကြံတစ်ခုရသွားတယ်၊ ရိဖန်နဲ့ လှမ်းတိုင်လိုက်သင့်လား၊ အမ်း..မဖြစ်သေးပါဘူး.. ရိဖန်က အလုပ်များနေမှာ..

" နောက်ကလိုက်ခဲ့ "

လူနာကိုကုသပြီးတာနဲ့တစ်ပြိုင်နက် စူပုတ်ပုတ်ဖြစ်နေတဲ့ ဂျွန်မြောင်က ရီရှင်းနဲ့ သီးသန့်စကားပြောဖို့ ခေါင်မိုးထပ်ကို ခေါ်သွားတယ်၊ လေကောင်းလေသန့်ရတဲ့ နေရာက ခုံအမြင့်လေးမှာ ထိုင်ပြီး တစ်ခုခုပြောဖို့အရေး ဒေါသဖြေနေသလား၊ ရှက်စိတ်ဖြေနေသလား မသေချာတဲ့ ဒေါက်တာလေးက အသက်ကို ဖြည်းဖြည်းချင်းရှူရှိုက်လို့နေတယ်၊

" ခင်ဗျား! ဘယ်နေ့ပြန်မှာလဲ "

" ချစ်လား.. "

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Tahanan ng mga kuwento. Tumuklas ngayon