အပိုင်း ( ၂၂ )

7.5K 1K 189
                                    

" ခန္ဓာကိုယ်က ဘယ်နား နာသေးလဲ.."

လူနာဆေးစစ်ချက်ကို သူနာပြုဆီက တောင်းယူကြည့်ပြီး Jun-Myeon က ဂရုတစိုက် စစ်ဆေးပေးနေတယ်၊ နူးညံ့ချိုသာတဲ့ဆရာဝန်လေးကို ပြုံးရွှင်ပြီးကြည့်တဲ့အဘိုးအိုကြီးက Jun-Myeon ရဲ့လက်ချောင်းတွေကို ဆွဲယူရင်း တယုတယ ဆုတ်ထွေးတယ်၊

"တခြားနာတဲ့နေရာ မရှိပါဘူး.. အကုန်ကောင်းသွားပါပြီ၊ ဆရာလေးကို ကျေးဇူးတင်လိုက်တာဗျာ..၊ဆရာလေးရဲ့ ကျေးဇူးကြောင့်သာမဟုတ်ရင်.. "

မျက်ရည်ဝဲလာတဲ့ အဘိုးအိုကြီးကြောင့် Jun က ခါးကိုကိုင်းပြီး သူ့ကို တုန်တုန်ရီရီဆုတ်ထွေးထားတဲ့ လက်တွေကို အသာအယာပြန်ပုတ်ပေးလိုက်တယ်၊ ကြင်နာမှုတွေက သူ့မျက်ဝန်းရိပ်ထဲမှာ တငွေ့ငွေ့ပြေးနေရင်း နဂိုမူလ တွေ့နေကျပုံစံတဲ့ ဆန့်ကျင်စွာ ချိုသာသော စကားကိုဆိုတယ်၊

" ဟုတ်ကဲ့ပါဗျာ .. ကျွန်တော့်ကို ကျေးဇူးတင်ရင် ကျန်းမာရေးကောင်းအောင်နေရမယ်နော်..၊ "

နှစ်လိုဖွယ်ရယ်မောတဲ့ ဆရာဝန်လေးက ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း အဘိုးအိုကြီးနဲ့ အပြန်အလှန်စကားပြောလို့နေတယ်၊အဲ့ဒီ့ စိတ်ကြည်နူးစရာမြင်ကွင်းကို ကောင်တာကိုကျောမှီပြီး ငေးနေတဲ့ Yixing ကတော့ သူ့ဘေးမှာ ခြေဖျားလောက်ထောက်ရပ်ပြီး သူ့မျက်နှာကို စပ်စုစူးစမ်းနေတဲ့ ဆရာဝန်ပေါက်စလေး Jong Dae ကို သတိမထားမိဘူး။

" ဘယ်သူ့ကို အဲ့လောက်ထိကြည့်နေတာလဲဟင် "

အသံထွက်မေးလိုက်မှ ဆတ်ခနဲ သူ့ဘက်လှည့်လာတယ်၊ ရုပ်တည်ပြန်ဖြစ်သွားတဲ့ Yixing ရဲ့အေးစက်စက်မျက်နှာက ကြောက်ဖို့ကောင်းတာမို့ လန့်ပြီးနောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်တဲ့အချိန်မှာ သူ့အနောက်မှာဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ Minseok ကို တွေ့လိုက်ရတယ်၊

" ကိုကိုးး "

ဆရာဝန်ပေါက်စလေးက အားကိုးတွေ့တာနဲ့ Minseok ရဲ့နောက်ကို လှစ်ခနဲပြေးဝင်တော့တာပဲ၊ ပြီးမှ Minseok ရဲ့ ကျောပြင်ကိုကွယ်၊ ခေါင်းလေးပဲပြူထွက်ရင်း Yixing ကို လှမ်းကြည့်ပြန်တယ်၊တစ်ယောက်တည်း ချစ်ဖို့ကောင်းစွာ အလုပ်ရှုပ်နေတဲ့ ဆရာဝန်ပေါက်စလေးကြောင့် Yixing က ခေါင်းလေးစောင်းကြည့်ရင်း ပြုံးလိုက်တယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now