"အားကစားပွဲနေ့ မတိုင်မီ တက်ကြွဖွယ်နေ့ရက်များ "

872 73 10
                                    

နှင်းပွင့်တွေဝေနေတတ်တဲ့ ပေကျင်းရာသီဥတုက
သာမန်နေ့ရက်တွေထက် အအေးဓာတ် ပိုလို့လာခဲ့ပြီ၊

သို့ပေမဲ့လည်း အားလုံးမျှော်လင့်ထားတဲ့ အားကစားပွဲနေ့က နီးလာပြီမို့ တပ်သားတွေအားလုံး မချမ်းနိုင်မအေးနိုင်တော့ပဲ ပျားပန်းခတ်မျှ အလုပ်များနေကြတယ်၊

ဒီ့အပြင်၌လည်း နှစ်သစ်ကူး သတင်းကောင်းအနေနဲ့ လက်ရှိပြန့်ပွားနေတဲ့ရောဂါကို ကာကွယ်ကုသနိုင်တဲ့ ဆေးအသစ်ကို ပေကျင်းဆေးဝါးသုတေသနဌာနက အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တာကြောင့် လုပ်အားပေး ကိုရီးယားပြည်သားဆရာဝန်လေးတွေကလည်း အမိမြေကို ပြန်ဖို့ တာဆူနေကြပြီလေ..

" ဒီတစ်ခေါက်က အားကစားပွဲမှာ ကြည်း၊ ရေ၊ လေ တပ်ရင်းတွေ အားလုံးစုပေါင်းပြီး ဖလားလုမှာမို့ အားလုံးပဲ ကိုယ့်တပ်ရင်းကို ဂုဏ်တက်အောင် ကြိုးစားအားထုတ်စေချင်ပါတယ်၊ အထူးတပ်ဖွဲ့တွေမဟုတ်ပဲ လက်တလောကမှ ပြန်လည်ဖွဲ့စည်းပေးထားတဲ့ ဂျူနီယာတပ်ခွဲတွေ အားလုံးကို ဆိုင်ရာခေါင်းဆောင်တွေက တာဝန်ယူကြီးကြပ်ပေးပြီး၊ အားကစားဘက်မှာရော ဖျော်ဖြေမှုဘက်မှာပါ စကာတင်ရွေးချယ်တဲ့ စနစ်နဲ့ သွားမှာပါ၊

တပ်တွင်းပြိုင်ပွဲတွေကို အရင်လုပ်ပြီး အနိုင်ရသူတွေကို ထိုက်ထိုက်တန်တန်ဆုချဖို့လည်း စီစဉ်ထားပါတယ်၊ အဲ့တာကြောင့် ကိုယ့်တပ်ခွဲထဲက တပ်သားတွေကို စကာတင်အဆင့်တက်အောင် ဖိအားပေးဖို့က Team ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်ကြောင်း ထပ်လောင်း သတိပေးချင်ပါတယ်၊"

တပ်ရင်းမှူးရဲ့ မိန့်ခွန်းအပြီးမှာ လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ တပ်သားတွေက ဆုချမယ်ဆိုတဲ့ စကားကြောင့် အကျေနပ်ကြီး ကျေနပ်နေကြတယ်၊ Team ခေါင်းဆောင်တွေကတော့ အနည်းငယ် ခေါင်းခဲလို့နေကြပြီ၊ အချို့အားကစားတွေမှာ အရမ်းမထူးချွန်တဲ့ တပ်သားတွေလည်း ရှိတာမို့ batch အလိုက် တပ်ခွဲတွေအားလုံးက အရေအတွက်နည်းပါးလှတဲ့ အားကစားနည်းပြတွေကို လိုချင်ကြတယ်၊

"တပ်ရင်းမှူးရဲ့ အမိန့်အရ ကျွန်တော်တို့ ခွဲတမ်းချကြည့်တော့ တပ်ခွဲခြောက်ခုမှာ နည်းပြတစ်ယောက်ကျစီ ရပါတယ်၊ အဲ့ဒါကြောင့် တပ်ခွဲအလိုက် ပူးပေါင်းပြီး ဆောင်ရွက်ဖို့အတွက် ကြေညာစာကပ်ပေးပါ့မယ်၊ တပ်ခွဲခြောက်ခုပေါင်းမှာအားကစားအသင်းနဲ့၊ ဖျော်ဖြေရေးအတွက် မဖြစ်မနေပါဝင်ရပါမယ်လို့ အမိန့်ရပါတယ်ခင်ဗျ "

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Hikayelerin yaşadığı yer. Şimdi keşfedin