အပိုင်း ( ၄ )

11.8K 1.6K 102
                                    

" ဖမ်းမိတာကတော့ ကောင်းပါတယ်၊ သေနတ်ကို ကျည်မဖောက်ပေးရင် အရမ်းကို ကျေးဇူးတင်မိမှာပဲ.. မဟုတ်ရင် အစီရင်ခံစာကို ဖီလီဖာလာ ဖီလီဖာလာ ရေးတင်နေရဦးမယ်.. "

Yibo နဲ့အတူ ကော်ရစ်တာတစ်လျှောက် ပတ်စစ်ဆေးနေရင်း Lu Han က သတိပေးတော့ အထက်တန်းကျောင်းသားကောင်လေးကို သေနတ်နဲ့ ချိန်ထားဆဲရှိတဲ့ Xiao Zhan က ဟက်ခနဲ ရယ်လိုက်တယ်၊

" ငါတို့ခေါင်းဆောင်က ငါ့ကို မတားလို့,လို့ ပြောလိုက်မယ်လေ၊ မကောင်းဘူးလား.. "

နားထဲဝင်လာတဲ့ အဖြေကြောင့် Lu Han မျက်နှာက ရှုံ့မဲ့သွားပေမဲ့ လှေကားဘက်ကနေတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားသူ၊ သံသယရှိသူ ရှိ,မရှိ အသေအချာ စစ်ဆေးနေတဲ့ Yibo ရဲ့ မျက်လုံးတွေက ပြုံးရိပ်သန်းသွားတယ်၊

" အခု ကျွန်တော့်ကို ခြိမ်းခြောက်နေတာလားခင်ဗျာ "

" မဟုတ်ပါဘူး၊ တရားခံကို ခြိမ်းခြောက်နေတာပါ "

Xiao Zhan ရဲ့ စကားအဆုံးမှာ ကျောင်းသားကောင်လေးက သူ့ခါးကြားထဲက ဓားမြှောင်ကို ဆွဲထုတ်ပြီး ရုတ်တရက်တိုက်ခိုက်တယ်၊ ဒါပေမဲ့ ကောင်လေးထက် ပိုပြီးလျင်မြန်တဲ့ Xiao Zhan က လှလှပပလေး ရှောင်ထွက်နိုင်လိုက်ပြီး ဓားကိုဆုတ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ကို သေနတ်ဒင်နဲ့ ထုချလိုက်တယ်၊ ညာဘက်ဒူးဆစ်ကို ဖြတ်ကန်လိုက်ပြီး နာကျင်လွန်းလို့ ဒူးထောက်ကျသွားတဲ့ ကောင်လေးရဲ့လက်က သေချာဖမ်းမဆုတ်နိုင်တော့တဲ့ ဓားမြှောင်ကို ဖျတ်ခနဲ ဆွဲလုလိုက်တယ်။

အဖြစ်အပျက်က မြန်လွန်းလို့ အတန်းထဲက ကျောင်းသားအားလုံး အံ့အားသင့်မှင်သက်နေတဲ့အချိန်မှာ ချွေးတောင်မထွက်လိုက်တဲ့  Xiao Zhan က သူ့ရှေ့မှာ ဒူးထောက်ကျသွားတဲ့ ကောင်လေးကို တစ်ချက်ကြည့်ရင်း သူ့လက်ထဲက ဓားမြှောင်ကို စစ်ဆေးလိုက်တယ်၊

" ဘာတွေထူးခြားလဲ.. Victor "

" ၁၈ ၁၉ နှစ်အရွယ် ကောင်လေးပါ၊ အသားဖြူပြီး မျက်လုံးဝိုင်းဝိုင်း မျက်နှာကျလေးထောင့်ပုံနဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှာ ကြယ်ပုံတက်တူးရှိပါတယ်၊ သူသုံးတဲ့ ဓားမြှောင်မှာ ကိုရီးယားစာလုံးထွင်းထားတယ်။

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now