အပိုင်း ( ၃၉ )

7.2K 813 222
                                    

" အော်... ဒေါက်တာဂင် "

ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့လူနာမိန်းကလေးက သူ့ကို မြင်မြင်ချင်း ပြုံးရွှင်စွာနှုတ်ဆက်လာတာမို့ ခေါင်းလေးတစ်ချက်စောင်းငဲ့ပြီး ပြန်အသိမှတ်ပြုလိုက်တဲ့ ဂျုံဒေးက သူနာပြုမလေး ကမ်းလာတဲ့လူနာမှတ်တမ်းလေးကို စစ်ဆေးတယ်၊ တည်ကြည်တဲ့ ရုပ်အသွင်ကို ထိန်းထားတဲ့ ဒေါက်တာဂင်က မှတ်တမ်းလေးကို ပြန်ပိတ်ပြီး လူနာမိန်းကလေးကို စစ်ဆေးစရာရှိတာတွေ အားလုံး သေချာစစ်ဆေးပေးတယ်၊

"အကုန်ကောင်းပြီပဲ၊မနက်ဖြန်ဆို ဆေးရုံက ဆင်းလို့ရပြီနော် "

" ဟုတ်ကဲ့ရှင့် "

ပျော်ရွှင်သွားတဲ့ လူနာမိန်းကလေးကို ခေါင်းလေးညွှတ်ပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တဲ့ ဒေါက်တာဂျုံဒေးက အခန်းထဲထွက်ပြီးတာနဲ့ တစ်ပြိုင်နက် ကော်ရစ်တာတစ်လျှောက် တွန့်ဆုတ်တွန့်ဆုတ် ခြေလှမ်းတွေနဲ့ လျှောက်ရင်း ကျီးကန်းတောင်းမှောက် တောင်ကြည့်၊ မြောက်ကြည့် ပြုတယ်၊

" မမ၊ စီနီယာဂျွန်မြောင်းက အခု ဘယ်မှာ ရှိလောက်လဲဟင် "

" ဘာလဲ၊ ပြဿနာရှာထားပြန်တာလား "

အကြောင်းသိတဲ့ သူနာပြုမ က သူတို့ရဲ့ပေါက်စဆရာဝန်လေးအကြောင်းကို နောကျေနေပြီဖြစ်တာမို့ တစ်ခွန်းတည်း တန်းမေးလိုက်တော့ မျက်နှာလေးကို ချစ်စရာကောင်းအောင် မဲ့ပြတဲ့ ဂျုံဒေးက ဆင်ခြေဆင်လက်၊ ဆင်ခြေကျင်းဝတ်ပါ မကျန် ထုတ်ပြလာတော့တာပဲ၊

"ဟုတ်ပါဘူး မမကလည်း၊ ကျွန်တော်က အားလုံးအဆင်ပြေချောမွေ့သွားအောင် ကောင်းမွန်တဲ့အကြံတစ်ခုတည်း ပေးလိုက်တာ "

"ကောင်းမွန်တဲ့အကြံဆိုရင် အခုလို ပတ်ပြေးနေစရာတောင်မလိုဘူး "

ပွစိပွစိရွတ်ရင်း သူမ အဆင်သင့်မှတ်ထားပြီးသား ဒေါက်တာဂျွန်မြောင်းရဲ့ round လှည့် အချိန်ဇယားကို တစ်ချက်ကြည့်ပေးတယ်၊ ဒီအချိန်ဆို မရှိလောက်ဘူးလို့ ပြောဖို့ ခေါင်းအမော့မှာပဲ သူတို့ရဲ့ ဂျုံဒေးဆီကို တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ လှမ်းလာတဲ့ မိန်းကလေးကို တွေ့လိုက်ရတာမို့ သူပါ ခေါင်းကြီးသွားရတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Donde viven las historias. Descúbrelo ahora