အပိုင်း ( ၁၇ )

8.2K 1.1K 78
                                    


[ Yizhan Special ]




" ရရဲ့လား.. "

သုံးခါမြောက်အန်ပြီးတဲ့အချိန်မှာ Xiao Zhan က မောပန်းနွမ်းဟိုက်စွာနဲ့ Yibo ရဲ့ လက်မောင်းသားကို ခေါင်းစောင်းပြီးမှီချလာတယ်၊ အိပ်လိုက်ရင် အမူးပြေမယ်ထင်ထားပေမဲ့ နှစ်နာရီလောက်သာ အိပ်ပျော်ပြီး ပြန်နိုးလာတော့ အခုလိုထိုးအန်နေပြန်တာပဲ၊

အသက်ကို အမောတကောရှူနေပြီး သူ့ညာဘက်လက်မောင်းကို ကပ်မှီထားတဲ့ Xiao Zhan ကို Yibo က စိုးရိမ်စိတ်နဲ့ကြည့်တယ်၊ လုံးလုံးလျားလျားမသောက်နိုင်တဲ့ ဒီယုန်ကလေးကသာ အမောတကောတိုက်ပွဲကျသွားပေမဲ့ အပြင်ကအရက်သမားအဖွဲ့ကတော့ နှစ်နာရီလောက်ငြိမ်သွားပြီး ညနေလေးနာရီကြီးမှာ တစ်ရေးနိုးအော်ဟစ်မူးရူးပြီး Second Round နေကြတယ်၊

" ပျားသံပုရာရည်သောက်မလား "

မေးခွန်းကို မဖြေပဲငြိမ်နေပြန်တယ်၊ ကြည့်ရတာအခုထိလည်း အမူးပြေတဲ့ပုံမပေါ်ဘူး၊ ရီဝေနေတဲ့ မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး Yibo အနားမှာကပ်ရင်း ကုတ်ကုတ်ကလေး လာမှီနေတယ်၊ ကောင်းတယ်.. သိပ်ကိုကောင်းလွန်းတယ်၊ ဒီယုန်ငဂျစ်လေးက အ၀တ်အစားလည်း လဲပေးလို့မရဘူး၊ မေးတာလည်း ပြန်မဖြေဘူး၊ သူ့ကိုလည်း မမှတ်မိဘူး၊

" ကျွန်တော် သွားဖျော်ပေးမယ် ခဏပဲ.. "

အနားက ထသွားဖို့လုပ်တော့ သူ့လက်ကို အတင်းပြန်ဆွဲထားတယ်၊ ခဏလေးပါ လို့ ချော့မော့ပြောရင်း မတ်တတ်ထရပ်တော့ သူ့ဘောင်းဘီစကို ကလေးတွေလို လာဆွဲထားတယ်၊ရယ်ရအခက် ငိုရအခက်ဖြစ်ရတဲ့ Yibo က ဆိုးလွန်းတဲ့ Xiao Zhan ကို လက်မြှောက် အရှုံးပေးလိုက်ရမလိုကို ဖြစ်နေပြီ၊

" ဂျီလိုက်တာကွာ.. "

" ဝမ်ကိုကို .. မသွားပါနဲ့ "

ကြမ်းပြင်ပေါ်မှာ ဒီတိုင်းထိုင်ချထားတဲ့ Xiao Zhan က ခေါင်းလေးမော့ပြီး အသံတိုးတိုးလေးနဲ့ ချွဲတယ်၊ ရွှန်းလဲ့နေတဲ့ မျက်လုံးလေးနဲ့ လူကို ရူးချင်အောင် ပြုစားသွားပြီး၊ ချစ်စရာကောင်းလွန်းတဲ့ အမူအယာကြောင့် သူ ရယ်လိုက်ရင်း နေရာမှာ ပြန်ထိုင်မိလိုက်ရတယ်.. မူးနေတဲ့ ယုန်ငညစ်လေးက သူ့ပေါင်ပေါ်အတင်း တိုးပြီးတက်လာပါလေရော..။

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now