အပိုင်း ၃၀ ။ ထိုမိုးရေမှကာပေးခဲ့သောသူ

9.7K 1.6K 22
                                    


ညမိုးတို့ကရုတ်တရက်ဆိုက်ရောက်လာခဲ့တယ်။ မှောင်ရီစဦးအချိန်မှာတော့ကောင်းကင်ယံက အလင်းရောင်တွေက လှပစွာရောင်စုံခြယ်နေတယ်။ဒါပေမဲ့ နေဝင်သွားတာနဲ့ မိုးတို့ကသည်းလာခဲ့တယ်။ လုံရွှမ်းဟာ ဇာမဏီမေတ္တာခန်းမဆောင်က ခြံဝန်းထဲမှာ မတ်မတ်ဒူးထောက်ရင်း မိုးရေရွှဲရွှဲစိုနေခဲ့တယ်။
အချိန်တွေဘယ်လောက်ကြာသွားလဲသူမသိတော့ ဒါပေမဲ့မိုးကရုတ်တရက် ရပ်သွားခဲ့တယ်။ လုံရွှမ်းခေါင်းမော့ကြည့်တော့ သူ့ဘေးမှာလော့ဝေ့ကထီးတစ်ချောင်းကိုကိုင်ပြီး ရပ်နေတာမြင်တော့ကြောင်သွားတယ်။ လော့ဝေ့ဟာ ဇာမဏီမေတ္တာခန်းမဆောင်မှာညစာစားပြီးရုံလေးတင်။ အိမ်ရှေ့စံ လုံယွီက မြို့တော်မှာမရှိဘူး ဒါကြောင့် ဧကရာဇ်ရှင်းဝူဟာ ဧကရီကိုအဖော်ပြုပေးဖို့ မင်းသား(၃) လုံရှင်းနဲ့ မင်းသား (၆) လုံဟောင်တို့ကို ဆင့်ခေါ်ထားတယ်။ လော့ဝေ့ကလည်း ဧကရီ့တူဖြစ်လို့ ဒီ ခန်းမကျယ်ကြီးထဲပျော်ရွှင်ငြိမ်းချမ်းစွာစုဝေးနေကြတယ်။
"မင်းဒီလိုလုပ်ဖို့မလိုပါဘူး" လုံရွှမ်းကထီးမိုးပေးထားတဲ့ လော့ဝေ့ကိုပြောလိုက်တယ်။ လော့ဝေ့ကပြန်ဖြေတယ် ။
"အရှင့်သား မိုးရေစိုနေတာ ကို ကျွန်တော်မျိုး ဘယ်လို အမိုးအောက်မှာသက်တောင့်သက်သာနေနိုင်ပါ့မလဲ"

"မင်းကငါ့စာကျက်ဖော်မဟုတ်တော့ဘူး ဒါကြောင့်ဆက်ဟန်ဆောင်စရာမလိုတော့ဘူး"

လော့ဝေ့ကသက်ပြင်းချတယ်။
"နွေဦးရာသီက အတော်လေးအေးစိမ့်စိမ့်နိုင်ပြီး မိုးလည်းများတယ် အရှင့်သားမအေးဘူးလား အရှင့်သားက ကျွန်တော်မျိုးကို ဝက် ခွေး မြင်ကောင်းမြင်နိုင်ပါတယ် ဒါပေမဲ့ ကျွန်တော်မျိုးကတော့အရှင့်သားကို မိုးရေကာပေးချင်တဲ့ဆန္ဒရှိပါသေးတယ် ကျွန်တော်မျိုးသာဒီလိုဖြစ်ခဲ့ရင်လည်း အရှင့်သား နေနိုင်မှာမဟုတ်ဘူးဆိုတာသိပါတယ်" သူကပြောရင်း လော့ဝေ့က လုံရွှမ်းပခုံးပေါ် ဝတ်ရုံထူတစ်ခုတင်ပေးလိုက်တယ်။ ဝတ်ရုံကနွေးနေတုန်းပင်။ လုံရွှမ်းလော့ဝေ့ကိုကြည့်နေမိတယ်။
မီးအိမ်အလင်းရောင်ကဖျော့ဖျော့  ဒီလိုမိုးသည်းထဲ နေရာကျဉ်းလေးထဲ ဝါးထီးလေးအောက်မှာလော့ဝေ့မျက်နှာက မှုန်ဝါးပြီးအရိပ်ကျနေတယ်။ လော့ဝေ့က လေလာရာအရပ်မှာရပ်ပေးနေတာသိလိုက်ရတယ်။ဒါကြောင့်သူ လေအေးတွေကိုမခံစားရတော့တာပဲ။ သူက ဒီလူဟန်ဆောင်နေတာလားသံသယဝင်မိသေးတယ် ဒါပေမဲ့ ရင်ထဲတော့နွေးသွားခဲ့တာပဲ။သူ့ခန္ဓာကိုယ်ရောနှလုံးသားရောအေးခဲနေခဲ့တာ။ဒီလူ ဒီမှာရောက်နေတာလည်းကောင်းတာပါပဲ အနည်းဆုံးသူတစ်ယောက်တည်းမဟုတ်တော့ဘူး။
"အရှင့်သားကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါ အရှင်မင်းကြီးက ကျွန်တော်မျိုးကိုဒူးထောက်ခွင့်တားမြစ်ထားတယ်"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now