အပိုင်း၅ ။လုံရွှမ်းထံမှဆုလာဘ်များ

15.2K 2.2K 31
                                    

[Zawgyi]

လော့ဝေ့ပြန်နေထိုင်ကောင်းအောင်လုပ်နေတုန်း လုံရွှမ်းက တစ်ယောက်ယောက်ကိုသွားလည်ဖို့အမိန့်ပေးရင်း လက်ဆောင်တွေနဲ့ သူဖုန်းဝူစစ်သူကြီးမိသားစုကိုစိတ်ပျက်သွားကြောင်း စကားအချို့ပါးလိုက်တယ် ဒါအတွက် လော့ဝေ့ပြုံးပဲ ပြုံးနေလိုက်တော့တယ်

လုံရွှမ်း အရင်ဘဝတုန်းကလည်းဒီလိုလုပ်ခဲ့ဖူးတယ် ဒီစကားတွေကြောင့် သူယုံကြည်မိခဲ့တယ်

ဒါကြောင့်မို့ သူ့ကိုဒဏ်ရာရစေခဲ့တဲ့ကျောင်းညီအကိုကိုပြန်လက်စားချေတဲ့အနေနဲ့ မြို့တော်ကနေ  နယ်နှင်ဒဏ်ခံရအောင် သူလုပ်ခဲ့တယ် ဒီကိစ္စကြောင့် ဖုန်းဝူစစ်သူကြီးကျောင်းဟဲ့နျန် နဲ့ မိတ်ဆွေကောင်းတွေဖြစ်ခဲ့တဲ့လက်ဝဲဥပဒေအမတ်မင်းက အဆက်အသွယ်တွေပြတ်တောက်သွားတော့တယ်

အစတုန်းက အိမ်ရှေ့စံနောက်မှာရှိနေတဲ့ စစ်သူကြီးကလည်း မင်းသား (၂)လုံရွှမ်းရဲ့သစ္စာရှိထောက်ခံသူဖြစ်လာတော့တယ် အဲတုန်းကမင်းသား(၂)က၁၅နှစ်ပဲရှိသေးတယ် ဒါပေမဲ့အနာဂတ်အတွက် အစီအစဉ်တွေစလုပ်နေခဲ့ပြီ

လော့ဝေ့ရှေ့မှာ ကုန်းကုန်းတစ်ယောက်ကလက်တွေကိုဘေးမှာချထားရင်း လေးလေးစားစားရပ်နေတယ် သူကလုံရွှမ်းစိတ်ချတဲ့အစေခံတွေထဲကတစ်ဦးပဲ လုံရွှမ်း နန်းရတော့ ဖူယွမ်အနောက်နန်းတော်ရဲ့ ကုန်းကုန်းတွေအားလုံးကိုအုပ်ချုပ်ရတဲ့ ကြီးကြပ်ရေးမှူးဖြစ်လာခဲ့တယ် အဲတုန်းက သူရယ် အတွေ့အကြုံတွေရှိတဲ့ တခြားကုန်းကုန်းတွေန သူ့ကို တခြားသူတွေအောက်ဘယ်လိုအလျှော့ပေးရမလဲသင်ခဲ့တယ် အဲတုန်းက သူဘယ်လောက်ပဲငိုကြွေးပြီးအကူအညီတောင်းခဲ့ပေမဲ့ ကြီးကြပ်ရေးမှုး ဖူက အသက်ရှူခွင့်တစ်ချက်လေးတောင်မပေးခဲ့ဘူး သူ့ကိုဆေးခပ်ခဲ့တယ် သူ့ထဲ တဖြည်းဖြည်းပိုပိုကြီးလာတဲ့အဲ အရာတွေကိုထိုးထည့်ခိုင်းခဲ့တယ်

"သိပါပြီ" လော့ဝေ့ ပေါက်ကွဲလိုက်ချင်ပေမဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်ရင်း ဖူယွမ်ကိုခြောက်ကပ်ကပ်ပြောလိုက်တယ်
"မင်းပြန်သွားတဲ့အခါငါ့ကိုယ်စားအရှင်မင်းသားကိုကျေးဇူးတင်ခိုင်းလိုက်ပါ"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now