အပိုင်း ၆၆ ။ မင်းသား(၅) လုံရှန်း

5.2K 1K 46
                                    

[Zawgyi]

မနက်ပိုင်းညီလာခံမှာ အမျိုးမျိုးသော ဝန်ကြီးတွေဟာ ယီကျိုးကကိစ္စတွေနဲ့ပတ်သတ်ပြီး အငြင်းပွားရင်းအလုပ်ရှုပ်နေတုန်းပဲ။

လော့ဝေ့က ဧကရာဇ်ရှင်းဝူဘေးရပ်နေရင်း ဆူညံနေတဲ့ညီလာခံကို စိတ်မပါဝင်စားစွာကြည့်နေတယ်။ သာမန်ပြည်သူတွေကတော့ ဒီနေရာကို သူတို့တစ်သက်ရောက်ဖို့ မမျှော်လင့်နိုင်တဲ့ နေရာဆိုပြီးတွေးကြတယ်။ ဒါပေမဲ့အမှန်တရားကတော့ ဒီနေရာက ပျံကျဈေးနဲ့မခြားဘူး။ လော့ဝေ့ ဧကရာဇ်ရှင်းဝူရဲ့ အသွင်ကိုတစ်ချက်ခိုးကြည့်တော့ ရေခဲတုံးပမာအေးစက်တောင့်တင်းနေတာမြင်ရတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ခေါင်းဆောင်ဖြစ်ရတာက သက်တောင့်သက်သာရှိတဲ့အလုပ်လို့ ဘယ်သူစဉ်းစားလောက်လဲ သူအံ့သြနေမိတယ်။
 
"ကျန်းဒီကိစ္စကိုပြန်စဉ်းစားဦးမယ်"
ဒီလိုပြောပြီး ဒီစကားစစ်အမြဲထိုးနေတဲ့ မနက်ပိုင်းညီလာခံကို အဆုံးသတ်လိုက်တော့တယ်။

အရင်အတိုင်းပဲ လော့ဝေ့က ထာဝရအလင်းရောင်ခန်းမဆီပြန်ဖို့ ဧကရာဇင်ရှင်းဝူနောက်လိုက်လာရင်း နှစ်ယောက်သား  မင်းသား(၅) လုံရှန်းနဲ့သွားတိုးတယ်။

"သားတော် ခမည်းတော်ကိုဒူးထောက်ဂါဝရပြုပါတယ် အရှင်မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ"
လုံရှန်းက ဒူးထောက်ပြီး ဧကရာဇ်ရှင်းဝူကို ဂါဝရပြုတယ်။

"ထလို့ရပြီ" ဧကရာဇ်ကတော့အေးစက်စက်သာပြန်ပြီးပြောလေတယ်။

လုံရှန်းက မတ်တပ်ရပ်ရင်း ဧကရာဇ်နောက်ကလော့ဝေ့နဲ့အကြည့်စုံသွားချိန် အချင်းချင်းပြုံးပြလိုက်ကြတယ်။ လုံရှန်းက လော့ဝေ့နဲ့အသက်တူတူပဲ။ မင်းသား(၅) က ကြင်ယာတော်လျှိုရဲ့သားဆိုပေမဲ့ သူက ငယ်ငယ်တည်းကလော့ဝေ့နဲ့ ကစားဖော်ကစားဖက်တွေ။ဒီမင်းသားက စစ်တပ်အုပ်ချုပ်ရေး လမ်းကြောင်းထဲရောက်နေတာဖြစ်တယ်။ နန်ကျောင်းဆီ ရှင်းတာ့ဟွမ်းဇီ လုံရိ (၁) နဲ့ သွားလည်ရင်း မြို့တော်ဆီပြန်လည်ရောက်ကာစပေါ့။

"ကျွန်တော်မျိုး အရှင်မင်းသားကို နှုတ်ဆက်ပါတယ်"
လော့ဝေ့က လုံရှန်းကို အရိုအသေပေးလိုက်တယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now