အပိုင်း ၈ ။ပြန်လည်မွေးဖွားပြီးနောက်ပထမဆုံးတောင်းပန်ခြင်း

14.9K 2.5K 129
                                    

[Zawgyi]

"အာ့ကော*" လော့ဝေ့ လော့ဇီလက်ကို ဆွဲလိုက်ရင်း ဒီထက်ဆက်မပြောတော့ဖို့ဆုတောင်းလိုက်တယ်
[*အကို(၂) ]

ဒါပေမဲ့ ကျောင်းကျွမ်းယိက လော့ဇီကိုပြန်ပြောပြီးနှင့်နေပြီ။
"မင်းညီအဲလောက်ဆင်ခြင်တုံတရားမရှိတာက မင်းတို့သူ့ကိုအရမ်းအလိုလိုက်နေလို့ပဲ!"

လော့ဇီက ဒေါသတကြီးကြည့်လိုက်တယ်
"သူကငါ့မိသားစုရဲ့အငယ်ဆုံးပဲ ငါတို့အလိုလိုက်တော့ ဥပဒေကိုချိုးဖောက်နေလို့လား"

"အာ့ကော..." လော့ဝေ့ လော့ဇီဘာမှထပ်မပြောခင် တားလိုက်တယ် လော့ဇီနဲ့ကျောင်းကျွမ်းယိကတကယ်တော့အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေ အရမ်းရင်းနှီးလို့လည်း သူတို့သုံးတဲ့အသံနှုန်းကိုအာရုံမထားကြဘူး နှစ်ယောက်လုံးကတွေ့တာနဲ့ရန်ဖြစ်ကြပြီးသားပဲ
အရင်ဘဝကတော့ သူတို့နှစ်ယောက်ကရန်သူတွေလို့ထင်ခဲ့မိတယ် ဒါပေမဲ့လော့ဇီ အဆိပ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့အချိန်မှာ နန်းတွင်းအမိန့်ကိုဖီဆန်ပြီး လော့မိသားစုရဲ့မွေးရပ်မြေမှာအနားယူလဲလျောင်းခိုင်းဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချရင်း ထောင်နဲ့ချီတဲ့ခရီးကိုသွားခဲ့ လော့ဇီရဲ့ခေါင်းတလားကိုကာကွယ်ခဲ့တာက ကျောင်းကျွမ်းယိပဲ

ဧကရာဇ်ဖင်ကျန်းက လော့ဇီရဲ့သားနှစ်ယောက်ကိုလုပ်ကြံခဲ့လို့ ညီလာခံတစ်ခုလုံးရဲ့ရှေ့မှာ လုံရွှမ်းကို ပေါ်ပေါ်ထင်ထင်ဆဲဆိုခဲ့တယ် အဆုံးကျ သူ့ဘွဲ့ရာထူးကနေ ရုတ်သိမ်းခံရပြီးနယ်နှင်ဒဏ်ပေးခံရပေမဲ့ လုပ်ခဲ့တဲ့အရာကိုလုံးဝမရှက်ရွံ့ခဲ့ဘူး အဲတော့မှပဲ လော့ဝေ့ဟာ မိတ်ဆွေတန်ဖိုးကိုနားလည်ခဲ့တယ်

"ဒါဆိုလည်းအလိုလိုက်လေ"
လော့ကျွမ်းယိက လော့ဝေ့ လော့ဇီကိုတားလိုက်တာမြင်တော့ပိုပြီးအသံကျယ်လာတယ်
"ဆက်ပြီးသာအလိုလိုက်ကြ နောက်ပိုင်းဒီကောင်လေးဘယ်လိုဖြစ်သွားမလဲ ကြည့်လိုက်ကြ!'

လော့ဝေ့  ကျောင်းမိသားစု၃ယောက်ဘက်လှည့်ရင်း ဂါဝရပြုလိုက်တယ်
"နောက်ကျရင်ဒီလိုအမှားမျိုးကျွန်တော်နောက်တစ်ခါမလုပ်တော့ပါဘူး တကယ်လို့ထပ်လုပ်ခဲ့ရင် ကျောင်းညီအကိုတွေ ကျွန်တော့်အသက်ကိုယူလို့ရပါတယ်"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now