အပိုင်း ၁၄၉ ။ သွေးလွှတ်ကြောများပျက်စီးနေ

2.1K 422 37
                                    

[Zawgyi]

အပိုင်း ၁၄၉ ။ သွေးလွှတ်ကြောများပျက်စီးနေ

သမားတော်ဝေ့က အမတ်မင်း အိမ်ဆီ အလျင်စလို ရောက်လာချိန်မှာတော့ မိုးကလင်းနေပြီ။

လော့ဝေ့ သူ့အခန်းထဲ ပြန်ရောက်လာတော့ ဝေ့လန်ကိုသာ အတွင်းဆောင်မှာ ဂရုစိုက်ခွင့်ပြုထားတယ်။ အိပ်ရာဘေးကိုမှီရင်း လော့ဝေ့က နောက်ထပ် သွေးပွက်အန်ထွက်ပြန်တော့မှပဲ ရင်ညွှန့်ရိုးနေရာတစ်ဝိုက် မသက်သာမှုက တဖြည်းဖြည်း လျော့နည်းသွားတယ်။

ဝေ့လန်က လော့ဇီကို ကုသပေးခဲ့တဲ့ သမားတော်တွေကို ဖိတ်ထားတယ်။ ဒီသမားတော်နှစ်ယောက်က တုန်လှုပ်ခြောက်ခြားမှုနဲ့ အပြင်ဒဏ်ရာတွေကိုပဲ ကုသနိုင်တာဖြစ်တယ်။ လော့ဝေ့ရဲ့အခြေအနေကို မြင်ပြီးတဲ့နောက် လော့ဝေ့ ကိုယ်တွင်းဒဏ်ရာတွေရနေတယ်လို့ သူသံသယဝင်သွားတယ်။ သူတို့က လော့ဝေ့ကို သွေးတိတ်စေတဲ့ဆေးသာပေးပြီး ဝေ့လန်ကိုနောက်တော့ နောက်သမားတော် ကိုသာရှာဖို့တိုက်တွန်းလိုက်ကြတယ်။

လော့ဝေ့က နည်းနည်းပိုသက်သာလာပြီး ရဲရင့်ချင်မိတယ်။  သူက ဝေ့လန်နဲ့သမားတော်တွေကို တခြားသူတွေကိုသူ့အခြေအနေအကြောင်း မပြောဖို့တားမြစ်ထားလိုက်တယ်။

ဒီမတိုးသာမဆုတ်သာအခြေအနေဖြစ်နေတုန်း အိမ်တော်ထိန်းက သမားတော်ဝေ့ကို ဦးဆောင်ခေါ်လာတယ်။

ဝေ့လန် သမားတော်ဝေ့ကိုကယ်တင်ရှင်ပမာကြည့်ပြီး အတွင်းခန်းထဲ အလျင်အမြန်ဖိတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ တီးတိုးသတိပေးလိုက်တယ်။
"သခင်လေးကျောပေါ်က ဒဏ်ရာတွေက အခြေအနေကောင်းပုံမပေါ်ဘူး၊ သူ သွေးပါအန်ထားတာ"

သမားတော်ဝေ့နှလုံးသားက တုန်ရီသွားတယ်။ လော့ဝေ့သာ တစ်ခုခုဖြစ်ရင် ဧကရာဇ်ရှင်းဝူက သူ့ကိုခွင့်လွှတ်ပေးမှာမဟုတ်ဘူး။ ဒါပေမဲ့လူနာက နေ့တိုင်း သူ့ကိုယ်သူနာကျင်အောင်လုပ်နေတာ။ သူ့သမားတော်အလုပ်ကိုခက်ခဲအောင် လုပ်နေတာပဲ မဟုတ်ဘူးလား။ သမားတော်ဝေ့က လော့ဝေ့ကို လက်ညှိုးထိုးပြီး ဆူချင်တော့တယ်။ ဒီကိုယ့်ကျန်းမာရေးကိုယ် ဂရုမစိုက်တဲ့ လူကို သင်ခန်းစာတကယ်ပေးချင်မိတယ်။ ဒါပေမဲ့ သူအဲလိုလုပ်ဖို့ သတ္တိလည်းမရှိ။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now