အပိုင်း ၉၂ ။ ဘာလို့သူမှလဲ

4K 844 52
                                    

[Zawgyi]

သားအဖနှစ်ယောက်စကားပြောနေချိန်မှာပဲ တံခါး​စောင့်တစ်ယောက်က သစ်တောရေးဝန်ကြီးချိုးချဲ့က အလည်ရောက်လာကြောင်း သတင်းပေးလာလေတယ်။

"ကျွန်တော် သွားသင့်ပါပြီ"

လော့ကျီချိုး ခေါင်းညိတ်ပြလိုက်တယ်။
"သွားပြီး မင်းအမေကို  နှုတ်ဆက်ချေ"

လော့ဝေ့ကဘေးတံခါးမှာ ရပ်နေရင်း လော့ကျီချိုးတစ်ယောက် ချိုးချဲ့ကို ဧည့်သည်ပန်းအဆောင်မှာ ကြိုဆိုနေတာကိုကြည့်နေတယ်။ လျှိုရွှမ်းရှီကို ဒီလိုမျိုးတွန်းထုတ်ပြီးတဲ့နောက် အကျိုးအမြတ်အရဆုံးက ချိုးချဲ့ဖြစ်မယ်လို့ သူလုံးဝမစဉ်းစားမိခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီလူက ဘယ်သူလဲဆိုတာ သူတကယ် လုံးဝကိုမမှတ်မိသေး။

"သခင်လေး"
သူအတွေးနက်နေတုန်း တံခါးစောင့်အသံက သူ့နောက်ကနေ ထပ်ပေါ်လာပြန်တယ်။

"ဘာကိစ္စလဲ"
လော့ဝေ့ လှည့်မေးလိုက်တယ်။

"မင်းသား(၅) ကလာလည်ပါတယ်၊ သူက ဝင်ပေါက်မှာစောင့်နေမယ်လို့ ပြောပါသေးတယ်"

လော့ဝေ့က လုံရှန်းတစ်ယောက် လာလည်မယ်လို့ ခန့်မှန်းပြီးသား။
"ဒါဆိုလည်း သူ့ကို အထဲကို အထဲဖိတ်ခေါ်ရမှာပေါ့"
သူက ပြောရင်း ဝင်ပေါက်ဆီ ဦးတည်သွားလေတယ်။

တံခါးစောင့်က ထပ်ပြောတယ်။
"မင်းသား(၅) က အိမ်တော်ထဲ မဝင်တော့ဘူးလို့ ပြောပါတယ်၊ သူက သခင်လေးနဲ့ပဲ စကားပြောချင်တာပါတဲ့"

"အင်း...
လော့ဝေ့က သိပြီဖြစ်ကြောင်း အသံပြုလိုက်တယ်။

လုံရှန်းက လော့အိမ်တော်ဝင်ပေါက်ရှေ့ တစ်ယောက်တည်းရပ်နေတဲ့ပုံက လော့ဝေ့ကို အချိန်အတော်ကြာ ထိုနေရာမှာ ရပ်စောင့်နေခဲ့တဲ့ပုံပဲ။

"ဘာလို့ ဝင်မလာရတာပါလဲ၊ အရှင့်သား"
လော့ဝေ့ လှေကားထစ်တွေကနေဆင်းလာပြီး လုံရှန်းရှေ့ ရပ်လိုက်တယ်။

သူစိမ်းတစ်ယောက်ကို ကြည့်နေတဲ့ပမာ လုံရှန်းက လော့ဝေ့ကို စိုက်ကြည့်နေလေရဲ့။
"ငါဦးလေးဆီ သွားတွေ့ခဲ့တယ်"

လော့ဝေ့ သက်ပြင်းချလိုက်တယ်။
"အရှင့်သား၊ လက်ယာအမတ်မင်းရဲ့ ပြစ်မှုက အတော်လေး ကြောက်ဖို့ကောင်းတယ်၊ အရှင့်သား သူနဲ့ဝေးဝေးနေသင့်တယ်"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now