[Zawgyi]
အပိုင်း ၁၃၁ ။ မင်းဆရာပုရောဟိတ်ကြီးအား ဂါဝရပြုခြင်း
ဟုကောဘုရားကျောင်းက သာမန်ဧည့်သည်တွေကို ဝင်ပြီး အမွှေးတိုင်ပူဇော်ပသခွင့်မပြုဘူး။ သူတို့ အမွှေးတိုင်ထွန်းပြီးဆုတောင်းချင်ရင် အပြင်တံခါးရှေ့မှာသာ ဒူးထောက်ပြီး မြေကြီးပေါ်ဦးချရတယ်။ ဒါကြောင့် ဘုရားကျောင်းကို ဝန်းရံနေတဲ့နေ့စဉ်မြင်ကွင်းတွေက ဘုရားရှိခိုးဖို့အပြင်မှာဒူးထောက်နေတဲ့ ဧည့်သည်လူစုလူဝေးတွေပဲ ဖြစ်တယ်။
လော့ဝေ့ ဘုရားကျောင်းကိုရောက်ချိန် တံခါးတွေက ပိတ်ထားမြဲပိတ်ထားဆဲပဲ။
ဝေ့လန်က တံခါးပေါက်ဆီသွားပြီး တံခါးခေါက်လိုက်တယ်။ အတော်ကြာပြီးတဲ့နောက် လေ့ကျင့်သင်ကြားနေဆဲကိုရင်လေးတစ်ပါးက တံခါးပေါ်က ချောင်းကြည့်အပေါက်ကနေတစ်ဆင့် ကြည့်လာတယ်။ သူက ဝေ့လန်ကို ကြည့်ရင်းမေးလိုက်တယ်။
"ဒါယိကာလေး ဘယ်သူ့ကိုရှာနေတာပါသလဲ၊ ဆုတောင်းချင်တယ်ဆိုရင် အပြင်မှာပဲ ဆုတောင်းရမှာပါ""ကျွန်တော်က လော့ဝေ့၊ လော့ယွင်ချီပါ"
လော့ဝေ့က ဝေ့လန်နောက်ကနေ လျှောက်လာပြီး ကိုရင်လေးကိုပြောလိုက်တယ်။
"ကျွန်တော်က မင်းဆရာပုရောဟိတ်ကြီးနဲ့ တွေ့ခွင့်တောင်းချင်လို့ပါ၊ ကျေးဇူးပြုပြီး သူ့ကို အသိများပေးလို့ရမလား"ကိုရင်လေးက လော့ဝေ့ကိုကြည့်ပြီးနောက် ဖြေလာတယ်။
"ကျေးဇူးပြုပြီးခဏ စောင့်ပါဦး"
ဒီနောက် အပေါက်ကလေးကိုပိတ်သွားတယ်။"အေးနေလား သခင်လေး" ဝေ့လန်က လေတိုက်ရာဘက်ရပ်ပြီး လော့ဝေ့ကိုကာပေးထားလိုက်တယ်။
"ကျွန်တော်တို့ လှည်းထဲမှာစောင့်ကြမလား"လော့ဝေ့ မဖြေနိုင်ခင်မှာကို တည်တည်ခံ့ခံ့အမျိုးသမီးကြီးတစ်ယောက် လေသံက အနောက်ကနေပေါ်လာတယ်။
"ဒါက လော့မိသားစုရဲ့ တတိယသခင်လေးများလား"လော့ဝေ့လှည့်ကြည့်လိုက်တော့ သူ့နောက်က အမျိုးသမီးက မြို့စားလီရဲ့ လီဖူးရန်ဖြစ်နေတယ်။
"လီဖူးရန်"
လော့ဝေ့က မျက်နှာပေါ်အပြုံးဆင်မြန်းပြီး လီဖူးရန်ကို ဦးညွှတ်လိုက်တယ်။
"ယွင်ချီ လီဖူးရန်ကို ဂါဝရပြုပါတယ်"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果