အပိုင်း ၈၀။ လေပြင်းနှင့် နှင်းမုန်တိုင်း

4.2K 1K 58
                                    

T/N - Vote 300 ပြည့်ရင် လက်ဆောင်အနေနဲ့ ဒီတစ်ပတ်ထဲupdate လာပေးမယ်နော်😚❤

[Zawgyi]

လော့ဝေ့ရဲ့ စကားဆုံးသွားရုံရှိသေး စစ်ပွဲဗုံသံတွေက မြို့ရိုးဝင်ပေါက်အောက်ကနေ မိုးကြိုးသံပမာ မြည်ဟီးလာလေတယ်။မြောက်ပိုင်းယန်စစ်တပ်က မြို့ကို စတင်တိုက်ခိုက်လေပြီ။

ဝေ့လန်က ရှေ့ဆီလှမ်းလာပြီး လော့ဝေ့ကို သူ့နောက်မှာ ကာထားလိုက်တယ်။
"သခင်လေး၊ အထဲအရင်ဝင်သင့်နေပြီထင်တယ်၊"

"မလိုပါဘူး၊"
လော့ဝေ့က ရှိနေတဲ့ စစ်သူကြီးတွေကို ပြုံးပြလိုက်တယ်။
"ကျွန်တော် မြို့ရဲ့ကံကြမ္မာကို စစ်သူကြီးတို့ရဲ့ ကျွမ်းကျင်တဲ့လက်တွေထဲ ထည့်လိုက်ပါမယ်၊"

စစ်မြေပြင်ဟာ ကြောက်မက်ဖွယ်ရာ သတ်ကွင်းပဲ။ အလောင်းတွေက လွင်ပြင်တစ်လျှောက် ပြန့်ကျဲနေပြီး သွေးတွေကတော့ မြစ်တွေပမာ စီးဆင်းနေတယ်။

လော့ဝေ့ တိတ်တဆိတ် ဘေးမှာရပ်နေမိတယ်။ သူ ဒုတိယဘဝမှာ ကိစ္စအတော်များများရဲ့ ဖြစ်စဉ်ကိုပြောင်းလဲခဲ့ပြီးသားဖြစ်တယ်။ တကယ်လို့ သူဒီနေ့ယဲ့ချဲ့မှာ အသက်သေဆုံးသွားရရင် နောင်တမရတဲ့သေဆုံးမှုမျိုးပဲ ဖြစ်ပါလိမ့်မယ်။

"သခင်လေး!"
ဝေ့လန်က လော့ဝေ့ကို သူ့နောက်မှာကာကွယ်ထားတယ်။ မြို့ရိုးအောက်က မြှားမိုးတွေ လော့ဝေ့ကို အနာတရဖြစ်စေမှာကို ကြောက်နေခဲ့တယ်။

"ငါတောင်းပန်ပါတယ်၊"
လော့ဝေ့က မထင်မှတ်ထားစွာ စကားဆိုလာတယ်။

ဝေ့လန်က တစ်ခဏတာ တောင့်တင်းသွားပြီးနောက် လော့ဝေ့ကိုလှည့်ကြည့်လိုက်တယ်။

လော့ဝေ့ကလည်း သူ့ကိုကြည့်နေခဲ့တာပဲ..။
"ငါမင်းကို ဒီကိစ္စတွေထဲ ဆွဲသွင်းမိခဲ့ပြီ၊"

ဝေ့လန်က လော့ဝေ့ကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးမှ စကားဆိုလာတယ်။
"သခင်လေး ဘာအန္တရာယ်မှ ကျရောက်မှာမဟုတ်ပါဘူး!"

"ဘယ်အန္တရာယ်မှ မင်းဆီရောက်မလာဖို့ပဲ ငါဆုတောင်းတာပါ၊"

ဝေ့လန် သူ့လက်ထဲက လှံကိုမြှောက်လိုက်ပြီး မြှားတစ်ချောင်းကို ထပ်ခြမ်းပိုင်းလိုက်တော့ ကျိုးသွားကာသူတို့ခြေဖဝါးအောက် ဆင်းသက်လာတယ်။
"ဝေ့လန်အသက်က အမြဲဈေးပေါခဲ့တာပဲ၊ မစိုးရိမ်ပါနဲ့ သခင်လေး၊ ကျွန်တော် တိုက်ခိုက်ရင်းသေဆုံးရရင်တောင် သခင်လေး ဘေးအန္တရာယ်ကင်းတာ သေချာအောင်လုပ်သွားခဲ့အယ်၊"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now