[Zawgyi]
အပိုင်း ၁၃၇ ။ လော့ဝေ့၏စိုးရိမ်မှုများ
လော့ဝေ့ သူ့ခြံဝန်းဆီ ပြန်ရောက်လာချိန် ဝေ့လန်က တံခါးဝမှာ ရပ်နေတယ်။
"ဘာလို့အခန်းထဲ မဝင်သေးတာလဲ၊ အပြင်မှာဒီလောက် အေးနေတာကို""ကျွန်တော် မအေးပါဘူး"
"သခင်လေး"
ဒီအခိုက်မှာ သမားတော်လင်းလည်း ရောက်လာတယ်။ သူက တံခါးဝမှာလော့ဝေ့ ရပ်နေတာမြင်တော့ အလျင်အမြန် ဂါဝရပြုလိုက်တယ်။"သမားတော်လင်း၊ ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါ"
လော့ဝေ့က သမားတော်ကို အထဲဝင်လာခိုင်းလိုက်တယ်။
စာကြည့်ဆောင်ထဲ ရှောင်ရှောင်က မီးသွေးမီးဖိုတွေထဲ မီးသွေးခဲတွေထပ်ထည့်ပေးထားတဲ့အတွက် တစ်ခန်းလုံးက နွေဦးလို နွေးထွေးနေတော့တယ်။ဝေ့လန်က စာကြည့်ခန်းရဲ့အပြင်ဘက်မှာ စောင့်ကြပ်လိုက်တယ်။
"ကျေးဇူးပြုပြီးထိုင်ပါ" လော့ဝေ့က သမားတော်လင်းကို ထိုင်ခိုင်းပြီး ရေနွေးကြမ်းတစ်ခွက်ကမ်းပေးလိုက်တယ်။
သမားတော်လင်းလည်း အလျင်အမြန်မော့သောက်လိုက်တယ်။
"ရွှီသခင်မရဲ့ အဖျားရောဂါကရော ဘယ်လိုနေပါသလဲ"
"ကျွန်တော် စုံစမ်းပြီးပါပြီ၊ ရွှီသခင်မရဲ့ သားအိမ်က ကယ်တင်လို့ရသင့်ပါတယ်"
"ရသင့်တာလား၊ ဆိုလိုတာက ကယ်တင်လို့မရတာလည်း ဖြစ်နိုင်တယ်ပေါ့"
"မတော်တဆမှုမဖြစ်သရွေ့ သခင်မရွှီရဲ့ သားအိမ်က ဘေးကင်းမှာပါ" သမားတော်လင်းက အလျင်အမြန် ဖြေလိုက်တယ်။"ကိုယ်တိုင်မြင်တွေ့ဖို့ အခွင့်အရေးမရခဲ့ဘူးလား"
"ကျွန်တော်မျိုးကို ဧကရီက စာပေအထွတ်အထိပ်ခန်းမဆောင်မှာ တာဝန်မချပေးတဲ့အတွက် အဲကိုသွားလို့မရပါဘူး"
"ဒါက သိပ်တော့ မခက်ပါဘူး၊ မနက်ဖြန် ကျွန်တော် ဧကရီကို ခင်ဗျားကိုကိုယ်တိုင် စာပေအထွတ်အထိပ်ခန်းမဆောင်ဆီ သွားခိုင်းအောင် တောင်းဆိုပေးမယ်၊ ရွှီသခင်မ ဘာမှမဖြစ်ဘူးဆိုတာ သေချာအောင်လုပ်ချင်တယ်"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果