[Zawgyi]
ဒီနေ့ မနက်ပိုင်းညီလာခံမှာ လော့ဝေ့က ဧကရာဇ်ဘေးနားရပ်နေခဲ့တယ်။ ညီလာခံအပြီးတော့ ထာဝရအလင်းရောင်ခန်းမဆီ ပြန်လိုက်သွားရတယ်။ ဧကရာဇ်က သူ့ထိုင်ခုံရဲ့ဘေးမှာ လော့ဝေ့အတွက်စားပွဲတစ်လုံးပြင်ခိုင်းထားပြီးသားပင်။ ဒါကြောင့် ဧကရာဇ်က သူ့စားပွဲမှာသူ ဝန်ကြီးတွေရဲ့ အစီရင်ခံစာတွေကိုဖတ်နေတုန်း လော့ဝေ့ကတော့ ဧကရာဇ်အကြည့်အောက်မှာစာဖတ်ရတယ်။ နှစ်ယောက်သားကတိတ်တဆိတ် အသက်ကြီးကြီးနဲ့အသက်ငယ်ငယ် ဒါပေမဲ့ ဘယ်သူကမှ ကြောင်တောင်တောင်မဖြစ်သလိုပျင်းလည်းမပျင်းရဘူး။
ဝန်ကြီးတွေတစ်ယောက်ပြီးတစ်ယောက် ဧကရာဇ်နဲ့သီးသန့်ဆွေးနွေးဖို့လာကြပေမဲ့ ရှင်းဝူကလော့ဝေ့ကိုထွက်ဖို့မပြောဘူး အဲအစား သူနဲ့အတူနားထောင်စေတယ်။ ဝန်ကြီးတွေအများဆုံးပြောကြတာက ယွီကျိုးကသတ္တုတွင်းကိစ္စပဲ။ရှင်းဝူခေတ်က ကိစ္စကြီးဟာ ဖင်ကျန်းခေတ်မှာတော့ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။ဒါကလည်း လူတွေမမျှော်လင့်ထားတာတော့မဟုတ်ဘူး။ ဒီ အလွဲသုံးစားပြုမူကြီးရဲ့ခေါင်းဆောင်ဟာ လျှိုရွှမ်းရှီကိုး။ လုံရွှမ်းဟာ ဧကရာဇ်ဖြစ်ချင်ခဲ့တဲ့အတွက် လူတွေကို သူ့ဘက်သိမ်းသွင်းဖို့လိုတယ်။
ပြီးတော့ကိုယ်ပိုင်စစ်တပ်ကိုလေ့ကျင့်ပေးဖို့လိုအပ်တဲ့အတွကွင် ငွေကြေးအမြောက်အများလိုအပ်ခဲ့တယ်။ ယွီကျိုးရဲ့သတ္တုရိုင်းတွေဟာ မင်းသားနှစ်ရဲ့ ကိုယ်ပိုက်သတ္တုရိုင်းဖြစ်နေခဲ့တာကြာလှပြီ။ ဒီသတ္တုရိုင်းတွေကထွက်တဲ့ ကြေးနီ ၊ သံတွေကို လက်နက်တွေကိရိယာတွေပြုလုပ်ပြီးတော့ အချို့ကိုတော့မှောင်ခိုပို့ဆောင်တဲ့အခါ ဒါတွေအကုန်လုံးက လုံရွှမ်းရဲ့ ဧကရာဇ်ဖြစ်ချင်တဲ့ဆန္ဒအတွက် ငွေကြေးခိုင်မာစေခဲ့တယ်။လော့ဝေ့မျက်လုံးတွေကစာအုပ်ကိုကြည့်နေပေမဲ့ တကယ်တော့ ဦးနှောက်ထဲမှာတွက်ချက်နေတာဖြစ်တယ်။ သူ့ဖခင်ကဒီအချိန်လောက် လက်သည်တရားခံကိုရှာတွေ့နိုင်ပါ့မလား။တကယ်လို့လုံရွှမ်းကိုဖြိုလဲချင်ရင် လုံရွှမ်းနောက်မှာရပ်တည်နေတဲ့အကြီးမားဆုံးထောက်ခံသူကိုအရင်ရှင်းထုတ်ပစ်ရမယ်။အဲလူက လက်ယာအမတ်မင်းပဲ။ လုံရွှမ်း
ကိုယ်လုပ်တော်လျှိုဗိုက်ထဲကမွေးဖွားလာတည်းက လျှိုမိသားစုက သူ့ကိုပုလ္လင်ပေါ်ရောက်အောင် ကြံစည်နေကြတာဖြစ်တယ်။အခု သူတို့တွေ16နှစ်နီးပါးဖြစ်နေပြီဖြစ်တဲ့အတွက် သစ်ပင်ကအမြစ်တွယ်နေပြီ။ အချင်းချင်းဆက်စပ်နေတဲ့အပိုင်းတွေကြား လူတစ်ယောက်က ကိုယ့်ကိုကိုယ်မထိခိုက်စေဘဲ သစ်ပင်တစ်ပင်လုံးကိုအမြစ်ကနေနှုတ်ပစ်လို့ဘယ်လိုရနိုင်မလဲ။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果