[Zawgyi]
အပိုင်း ၁၄၆ ။ သူမနာမည်က ရွှီရို့
"အရှင့်သား၊ အဲဒါဝေ့လန်လား" ဖူယွင်က လော့ဝေ့နဲ့ဝေ့လန် အရိပ်တွေပျောက်သွားတဲ့အထိ ထွက်သွားတာစောင့်ပြီးမှ လုံရွှမ်းဆီပြေးလာခဲ့တယ်။
လုံရွှမ်းက မလှုပ်မယှက်ရပ်နေပြီး လော့ဝေ့ဦးတည်ရာဘက်ကို စွဲစွဲမက်မက်ကြည့်နေတယ်။
"အရှင့်သား၊ အဲဒီ ဝေ့မျိုးရိုးနဲ့လူက လက်ဝဲအမတ်မင်းအိမ်တော်က ကိုယ်ရံတော်လေးပဲကို၊ သူက အရှင့်သားအပေါ်လက်သုံးရဲတယ်ပေါ့၊ သူ့ကိုချန်ထားလို့မဖြစ်ဘူး!" ဖူယွင်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်တယ်။
"လက်ဝဲအမတ်မင်းက သိပ်ထောင်လွှားတာပဲ!"လုံရွှမ်းက ဒီနောက်တော့ ဖူယွင်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ဒီအကြည့်နဲ့တင် ဖူယွင်ခေါင်းငုံ့သွားရတယ်။
"ကတောက်ကဆဖြစ်ရုံပဲ၊ စိတ်ထဲမထားနဲ့"
"ကျွန်တော်မျိုးနားလည်ပါပြီ"
ဖူယွင်က အလျင်အမြန် ဖြေလိုက်တယ်။လုံရွှမ်းကလှည့်လာပြီး ထွက်လာရင်း ခဏနေတော့မေးလေတယ်။
"ကြင်ယာတော်ရွှီ ထွက်သွားပြီလား""ဟုတ်ကဲ့" ဖူယွင်က ဂရုတစိုက်ပြောလိုက်တယ်။
"သူမနာမည်က ရွှီရို့တဲ့"
"ဘာကို.." ဖူယွင် ခဏတာအေးခဲသွားပြီးတဲ့နောက် ချက်ချင်းတုံ့ပြန်တော့တယ်။ ဒီရွှီရို့က ကြင်ယာတော်ရွှီနာမည်ပဲ။
"ဒီအစေခံ မှတ်သားထားပါ့မယ်""ဝေးလံပြီးတိတ်ဆိတ်တဲ့နေရာမှာ မြှုပ်ထားလိုက်"
"ဟုတ်ကဲ့" ဖူယွင့်မျက်ရည်တွေက မျက်လုံးထဲ လက်ခနဲထသွားတယ်။
"ကျွန်တော်မျိုးနာခံပါတယ်"လုံရွှမ်းက ခြေလှမ်းကျဲကြီးတွေနဲ့ ရှေ့ဆက်တက်သွားခဲ့တယ်။
"အရှင့်သား.." ဖူယွင်က လုံရွှမ်းကို ထပ်မေးလိုက်တယ်။
"သားတော်လေးရော""အဲဒါငါ ထိန်းချုပ်လို့မရတဲ့ဟာ၊ မစီမံနဲ့တော့"
တော်ဝင်မိသားစုက နေရောင်ခြည်ကိုမြင်ခွင့်မရခဲ့တဲ့ကလေးတွေကို ဟုကောချန်ဘုရားကျောင်းက အမြဲလျှို့ဝှက် ကိုင်တွယ်တာဖြစ်တယ်။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果