အပိုင်း ၇၈ ။ စီမာ့ချင်းရှ

4.5K 956 41
                                    

[Zawgyi]

လော့ချီက အရာအားလုံးကိုတစ်ယောက်တည်းပြတ်ပြတ်သားသား စီစဉ်တယ်။ လော့ဝေ့က သူ့အမိန့်ကိုနာခံပြီး တစ်သောင်းသောစစ်သားတွေကို ယဲ့ချဲ့ဆိုတဲ့ မြို့လေးမှာ တပ်စွဲဖို့ခေါ်သွားခဲ့တယ်။ ရှေ့မှာဖြစ်တော့မဲ့ တိုက်ပွဲဟာ သူတို့နဲ့ ဘာမှမဆိုင်တော့သလိုပဲ။

သုံးရက်အကြာမှာ ရှေ့တန်းကနေ တိုက်ပွဲတိုးတက်မှုရလဒ်သတင်းတွေရလာခဲ့တယ်။ မြောက်ပိုင်းယန်တွေက မိုင်၁ရာဆုတ်သွားခဲ့ရပြီ။

ငါးရက်အကြာမှာ အကျဉ်းသားလှည်းတွဲဟာ ညသန်းခေါင်ယံမှာ လျှို့ဝှက်စွာနဲ့ လော့ဝေ့ရဲ့ စစ်စခန်းထဲ ရောက်လာခဲ့ကြတယ်။

စီမာ့ချင်းရှဟာ ဒီတစ်ကြိမ်တော့ မျှော်လင့်ချက်မရှိ မိုက်မဲတဲ့စစ်ပွဲတစ်ခုကိုတိုက်မိသွားခဲ့ပြီ။ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီလောက်များတဲ့ဆုံးရှုံးမှုကိုခံစားခဲ့ရလဲ နားမလည်နိုင်ဘူး။ ကျောင်းအင်ပါယာရဲ့ စစ်တပ်က သူ့စစ်သားတွေဘာလုပ်တော့မလဲဆိုတာ အတိအကျသိနေတဲ့ပုံပဲ။ သူတို့စီစဉ်ထားတဲ့ ထောင်ချောက်တွေက ပြီးပြည့်စုံလွန်းလို့ သူကိုယ်တိုင်တောင် ဘာမှပြောစရာမရှိတော့ဘူး။

"မင်းသား(၃)" ဒါက လော့ဝေ့ စီမာ့ချင်းရှကိုမြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ သူက အထင်ကြီးလောက်စရာ ရုပ်ရည်ကိုပိုင်ဆိုင်ထားတယ်။ သူ့မျက်နှာက မက်မွန်ပွင့်မျက်ဝန်းတွေနဲ့ အလှဆင်ထားကာ အနားဖျားကကော့တက်သွားတယ်။ သူ အကျဉ်းစားအဖြစ် ခေါ်ဆောင်လာခြင်းခံရတာတောင် လာမဲ့မုန်တိုင်းကို ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေတဲ့ ကျောက်စိမ်းသစ်ပင်ဟန်ပန်အမူအရာရှိသေးတယ်။ ဒီလိုလူမျိုးက အမှန်တကယ်ကို လောကကြီးမှာ ရှားမှရှားပါပေ့ပဲ။

စီမာ့ချင်းရှကလည်း လော့ဝေ့ကိုကြည့်နေတယ်။ ဒီလူက ဒီတစ်ဝိုက်မှာအရှင်သခင်ဆိုတာ သိသာပေမဲ့ လူငယ်လေးတစ်ယောက်ဖြစ်နေမယ်တော့ သူမထင်ခဲ့ဘူး။ ပထမအကြည့်တစ်ချက်နဲ့ဆို ယောက်ျားလေးမိန်းကလေး ပြောဖို့တောင်ခက်လှတယ်။ ဒါပေမဲ့ ကောင်လေးက မြို့ကြီးတစ်မြို့ ၊ တိုင်းပြည်တစ်ပြည်ကို ကျဆုံးစေနိုင်လောက်သည်အထိ အလွန်အမင်းလှပတယ်လို့ ဖော်ပြနိုင်တယ်။
"မင်းက ဘယ်သူလဲ"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now