အပိုင်း ၁၀၄ ။ ထိမ်းမြားမင်္ဂလာ

3.1K 665 1
                                    

[Zawgyi]

လော့ချီက လော့ဝေ့ပြန်ရောက်ပြီး တစ်လကျော်ကြာမှ အိမ်ရောက်လာတယ်။

မြို့တော်ပြန်လာတဲ့ လမ်းမှာ သူက လျှိုမိသားစု ပျောက်ကွယ်သွားခဲ့တယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတယ်။ သူ ဘာတွေဖြစ်နေသလဲ နားလည်ဖို့ အတော်လေး ကြာသွားခဲ့သေးတယ်။ စစချင်းသူထင်ခဲ့တာက လျှိုဝူရှန်းသူ့ပြစ်မှုတွေကို ဝန်ခံဖို့လုပ်နိုင်ရုံလောက်ထင်ခဲ့တာ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ လျှိုမိသားစုတစ်ခုလုံးက  နိုင်ငံတော်သစ္စာဖောက်မှုအပြစ်နဲ့ သက်ဆင်းသွားမယ်လို့ မထင်မိခဲ့ဘူး။

လော့ချီက နန်းတော်ဆီ ဧကရာဇ်ကိုတွေ့ဖို့ ရောက်လာခဲ့တယ်။ ဧကရာဇ်ရှင်းဝူက ဒီအနိုင်ကိုသယ်ဆောင်လာပေးတဲ့ ယွမ်ကွမ်းတပ်မှူးကို ဆုလာဘ်တော်တွေချီးမြှင့်ပြီး သူအချိန်အတော်ကြာ မတွေ့ရသေးတဲ့ မိသားစုကို သွားတွေ့ခိုင်းခဲ့တယ်။

လော့ချီ ပြန်လာချိန် အိမ်တော်တစ်ခုလုံးက နှစ်သစ်ကူးကျင်းပနေသလိုမျိုး မီးပုံးတွေ၊ ရောင်စုံဖဲကြိုးတွေနဲ့ အလှဆင်ထားကြတယ်။

"ရှောင်ဝေ့ရော" လော့ချီ ပထမဆုံး လော့ဝေ့ကိုမေးဖြစ်သွားတယ်။ မိသားစုဝင်တွေထဲ သူ့ညီငယ်ဆုံးကလွဲ အကုန်ရှိနေတယ်။

လော့ဇီဖြေလိုက်တယ်။
"ရှောင်ဝေ့က နန်းတော်မှာ ဧကရာဇ်ကို အဖော်ပြုနေတယ်၊ သူ့ကို မမြင်ခဲ့ဘူးလား"

လော့ချီ ခေါင်းယမ်းပြလိုက်တယ်။

ပေါ်ဟွားက လော့ချီကို ဘေးဆွဲခေါ်ပြီး အချိန်အတော်ကြာ နေရေးထိုင်ရေးဘယ်လိုရှိခဲ့လဲမေးပြီးနောက် ထွက်သွားတယ်။
"သားတို့တွေ အဖေနဲ့ စကားပြောကြချေ၊ အမေ ညစာဘယ်လိုဖြစ်နေပြီလဲ သွားကြည့်ဦးမယ်"

သားအဖသုံးယောက် လော့ကျီချိုး စာဖတ်ခန်းထဲရောက်မှ လော့ချီခမျာ မေးရဲတော့တယ်။
"ဖူချင်း၊ ဒီမှာ ဘာတွေတကယ်ဖြစ်ထားတာလဲ"

လော့ဇီ အနည်းငယ်အံ့သြသွားတယ်။
"တာ့ကော၊ ဒီစစ်ပွဲမှာတိုက်ခိုက်နေတာလေ၊ ဘာတွေဖြစ်သွားလဲ မသိလိုက်ဘူးလား"

လော့ချီခေါင်းယမ်းလိုက်တယ်။

"ပြီးတော့ မင်း ရှောင်ဝေ့ သူ့ဘယ်လက်လက်ကို ဒဏ်ရာရအောင်လုပ်လိုက်တာရော မသိဘူးလား"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now