[Zawgyi]
အပိုင်း ၁၆၃ ။ ကျေးဇူးတင်ပါတယ်
"ငါတစ်ခုခုကို အိပ်မက်မက်လို့နေမယ်၊ ကြည့်ရတာ အိပ်မက်မက်နေပုံပဲ"
"သခင်လေးအိပ်မက်ထဲ အားချိုးလို့ခေါ်တဲ့လူရှိနေတာလား"
"ဟုတ်မှာပေါ့၊ မဟုတ်ရင်ဘယ်လိုလုပ် ငါအဲနာမည်အော်မှာလဲ" လော့ဝေ့က လက်တွေကိုဖြန့်ကားလိုက်တယ်။
"ငါ မိန်းကလေးနာမည်ခေါ်ရင်တော့ လန် ဂရုတစိုက်မေးသင့်တာပေါ့၊ ဒီအားချိုးနဲ့ပတ်သတ်ပြီး ဘာမေးစရာလိုလို့လဲ"
"သခင်လေး မိန်းကလေးကိုလည်းအိပ်မက်မက်တာလား""ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" လော့ဝေ့က ဝေ့လန်ရဲ့ တည်ငြိမ်နေတဲ့ အမူအရာကို ကြည့်ပြီး ရိုးသားတဲ့လူကို လိမ်ရတာဟာ တကယ်ကို မလုံမလဲအားနာဖို့ကောင်းတယ်လို့ ခံစားမိသွားတယ်။
"ငါ့မှာလန်ရှိတယ် မဟုတ်ဘူးလား"ဝေ့လန်က ရယ်ပြီး စောင်အပြင်ရောက်နေတဲ့ လော့ဝေ့လက်ကို လှမ်းထိလိုက်တယ်။ လက်က နွေးနေသေးတော့ သူစိတ်သက်သာရာရသွားတယ်။ ဟေ့လန်က လော့ဝေ့ပြောတာအများစုကို အမြဲယုံကြည်တဲ့သူမျိုးပဲ။ လော့ဝေ့ရဲ့ ဒီအားချိုးက သူ့အိပ်မက်ထဲက သာမန်လူတစ်ယောက်ပဲလို့ရှင်းပြချက်ကြားပြီးတဲ့နောက် ဝေ့လန်ကထပ်မမေးတော့ဘူး။
ချီဇိက ဆေးကိုပို့ပြီး အခန်းထဲဝင်လာတဲ့အချိန် သူ ဝေ့လန်လက်ထဲတိုက်ရိုက်ထည့်ပေးလိုက်တယ်။ အဲဒီနောက် လော့ဝေ့ သူ့ကိုစကားပြောမှာကိုကြောက်နေတဲ့အတိုင်း လော့ဝေ့ကို "သခင်လေး" လို့အော်ပြီး ထွက်ပြေးသွားလေတယ်။
"ငါ့ဟာငါသောက်လိုက်မယ်" လော့ဝေ့က ဝေ့လန်လက်ထဲက ဆေးခွက်ကိုယူပြီး မော့သောက်ချလိုက်တယ်။ဝေ့လန်က ဆေးကို အနံ့ရရုံနဲ့တင်ပါးစပ်ထဲ ခါးသွားသလိုပဲ။
လော့ဝေ့ ဒီဆေးခါးကို အမူအရာမပြောင်းလဲဘဲ ဘယ်လိုသောက်လိုက်နိုင်လဲ မသိတော့ဘူး။လော့ဝေ့က ဝေ့လန် စားပွဲပေါ် ဆေးခွက်တင်လိုက်ပြီး ထွက်ဖို့တံခါးဖွင့်တာကိုမြင်သွားတယ်။ သူ အလျင်အမြန်မေးလိုက်တယ်။
"မင်းဘယ်သွားနေတာလဲ"
"ကျွန်တော် အချိုတည်းစရာ သွားယူမို့ အခန်းထဲ ဘာမှ မကျန်တော့ဘူးလေ"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果