အပိုင်း ၁၅၀ ။ လုံယွီအမိန့်တော်တောင်းဆို

2.1K 437 27
                                    

[Zawgyi]

အပိုင်း ၁၅၀ ။ လုံယွီအမိန့်တော်တောင်းဆို

လော့ဝေ့ရဲ့ နှလုံးသွေးကြောတွေ ဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်းကြားရချိန်မှာတော့ ဧကရာဇ်ရှင်းဝူက ချက်ချင်း ကွက်မျက်သူလေးယောက်ကို သေဒဏ်ချမှတ်ဖို့ဆုံးဖြတ်လိုက်တယ်။

"အရှင်မင်းကြီး၊ ဒီလိုလုံးဝ လုပ်လို့မဖြစ်ပါဘူး၊ သူတို့လေးယောက်က နန်းတော်အမိန့်အရ ကွပ်မျက်မှုဆောင်ရွက်ရတာပါ၊ အပြစ်မရှိပါဘူး" ဖြစ်စဉ်မှာ ရှိနေတဲ့လော့ကျီချိုးက အလျင်အမြန် ဖျောင်းဖြတားမြစ်လိုက်တယ်။
   
"သူတို့တွေက ဝေ့အာရဲ့ နှလုံးသွေးလွှတ်ကြောကို ဒဏ်ရာရအောင်လုပ်ထားတာလေ၊ ကျန်း သူတို့ကို သက်ညှာရမယ်ပေါ့!" ဧကရာဇ်ရှင်းဝူက အမျက်ထွက်နေပြီး မခံမရပ်နိုင်ဖြစ်နေလွန်းတဲ့အတွက်  လက်လွတ်စပယ်ပြောမိလိုက်တယ်။
"ဝေ့အာက မင်းသားအရင်းမဟုတ်လို့ ဒီလိုမျိုးပြောတာ!"

"အရှင်မင်းကြီး!" လော့ကျီချိုးက ဒူးထောက်ချလိုက်တယ်။
"ကျွန်တော်မျိုးလည်း ဒီအချိန်မှာ အဲဒီလေးယောက်ကို သတ်ချင်တာ တစ်ပိုင်းသေနေပါပြီ၊ ဒါပေမဲ့အရှင်မင်းကြီးသာ ဒီလိုလုပ်လိုက်ရင် ဝေ့အာဘယ်လိုများဖြစ်သွားမလဲ"
   
"မင်းဘာဆိုလိုတာလဲ!" ဧကရာဇ်ကဒေါသတကြီး မေးခွန်းထုတ်လိုက်တယ်။

"ဒီအစေခံက လော့ဝေ့က အရှင်မင်းကြီးသားဆိုတာသိပေမဲ့ လောကကြီးက မသိပါဘူး၊ အရှင်မင်းကြီးသာ ဒီလူလေးယောက်ကို သတ်လိုက်ရင် လောကကြီးက လော့ဝေ့ကို ဘယ်လိုမျိုးထင်သွားပါလိမ့်မလဲ"

"မင်းပြောချင်တာဘာလဲ" ဧကရာဇ်ရှင်းဝူက လော့ကျီချိုးကို မေးလိုက်တယ်။
"မင်း ကောလဟာလတွေကြားလာပြန်ပြီလို့ ပြောချင်နေတာလား"

"အရှင်မင်းကြီးက အမတ်တစ်ယောက်ရဲ့သားကို ဒီလိုမျိုး မျက်နှာသာပေးမှုပြပေမဲ့ လော့ဝေ့က နာမည်ကြီးဖြစ်ထွန်းမှုမျိုး
မပိုင်ဆိုင်သေးသလို တိုင်းပြည်နဲ့ ရှင်ဘုရင်အကျိုးအတွက် ချီးမွမ်းထိုက်တဲ့လုပ်ရက်တွေလည်း မတည်ဆောက်ရသေးပါဘူး၊ လူတွေရဲ့ အရဲတင့်လွန်းတဲ့ မှန်းဆခြင်းကိုရှောင်ဖို့ ခဲယဉ်းပါလိမ့်မယ်၊ အရှင်မင်းကြီး သေချာစဉ်းစားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now