အပိုင်း ၁၂၅ ။ ပေးစားမှု

3K 544 12
                                    

[Zawgyi]

အပိုင်း ၁၂၅ ။ ပေးစားမှု

လော့ကျီချိုး အဲဒီနေ့ အိမ်ပြန်ရောက်လာတော့ သူက သေရည်အနံ့ရလာတယ်။

"ရှင်ဘယ်သူနဲ့ သောက်ခဲ့တာလဲ"
ပေါ်ဟွားက သူမခင်ပွန်းကိုမေးကာ လော့ကျီချိုးအတွက် အမူးပြေဖို့ တစ်ယောက်ကို ဟင်းချိုသွားလုပ်ခိုင်းလိုက်တယ်။

"ပညာရှင်ကျိုးနဲ့ ကိုယ် နန်းတော်ကနေ တူတူထွက်လာတော့ သူက အတင်း သေရည်လိုက်သောက်ဖို့ဖိတ်နေတာ၊ ငြင်းလို့မကောင်းတာနဲ့ သွားလိုက်ရတယ်"

"အိမ်ရှေ့စံနဲ့ ကိစ္စတွေကရောဘယ်လိုလဲ" လော့ကျီချိုးက ကျိုးနဉ်ဝမ်နဲ့သွားသောက်တာ သိရတော့ ပေါ်ဟွားမစိုးရိမ်တော့ဘူး။ ဒါကြောင့်အိမ်ရှေ့စံအကြောင်း မေးလိုက်တယ်။
"ဒဏ်ရာက တော်တော်ဆိုးသလား"

"အပေါ်ယံမှာတော့မဆိုးဘူး၊ ဒါပေမဲ့ လုပ်ကြံသူတွေရဲ့ နောက်ပြန် ပစ်ထုတ်တာခံလိုက်ရတယ်၊ သမားတော်ပြောတာတော့ အတွင်းဒဏ်ရာတွေသက်သာဖို့ အနားယူပြီး ဂရုတစိုက် ပြန်လည်ကျန်းမာအောင် လုပ်ရမယ်တဲ့"

"အနားယူပြီး ပြန်လည်ကျန်းမာအောင်လုပ်ရမယ်တဲ့လား" ပေါ်ဟွားနားတွေ ဒီစကားလုံးတွေကြားရလွန်းလို့ အသားမာတောင် တက်ချင်လှပြီ။ လော့ဝေ့ရဲ့ ဖျားနာမှာက သက်သာလာမဲ့ဟန်မရှိလို့ သမားတော်က အနားယူဖို့ အကြံပေးထားတယ်။ အခုအိမ်ရှေ့စံက ဒဏ်ရာရပြန်တော့ သမားတော်တွေကတစ်ပုံစံတည်းပြောပြန်ပြီ!

လော့ကျီချိုးက လက်ကိုယမ်းလိုက်တယ်။
"ရှဲ့ယွီရော ဘယ်လိုနေလဲ"

"အတူတူပါပဲရှင်"
ပေါ်ဟွားလေသံက စိတ်ရှုပ်နေတယ်။
"အဲဒီသမားတော်ရန်လည်း သူက အနားယူပြီး ပြန်သက်သာအောင်လုပ်ရမယ်ပြောတယ်၊ ဒဏ်ရာတွေကအပြင်ပန်းပဲ၊ ကံကောင်းလို့ အတွင်းဒဏ်ရာမဖြစ်တာ"

"သူ့ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်"

"ရှင်က အခု သေရည်နံ့နံနေတာ၊ အနံ့က သူ့ကိုနေမကောင်းဖြစ်စေရင်ရော၊ သူ့ကိုသွားမတွေ့ခင် အနံ့နည်းနည်းပျောက်တဲ့အထိ စောင့်သင့်တယ်၊ ပြီးတော့ သူကအခုအိပ်နေတယ်၊ ဒါပေမဲ့ ရှင် ရှဲ့သခင်ကြီးကို စာပို့သင့်တယ်နော်၊ သူ့ကို စိုးရိမ်အောင် မလုပ်နဲ့ဦး"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now