အပိုင်း ၁၇၂ ။ မြောက်ပိုင်းယန်တွင်း ဝိရောဓိ

1.7K 269 6
                                    

[Zawgyi]

အပိုင်း ၁၇၂ ။ မြောက်ပိုင်းယန်တွင်း ဝိရောဓိ

လော့ဝေ့ အိမ်တော်ရှေ့ ထမ်းစင်ပေါ်ကနေဆင်းချိန် အရပ်အမောင်းအချိုးအစားအတော်အသင့်နဲ့ လူတစ်ယောက် သူတို့နောက်ကနေ ရောက်လာလေတယ်။

"မင်းဘယ်သူလဲ"
အစောင့်တစ်ယောက်က ချက်ချင်းမေးလိုက်တယ်။

ဝေ့လန် လော့ဝေ့ရှေ့ရပ်လိုက်တယ်။

"တတိယသခင်လေး"
အမျိုးသားက အဝေးမှာရပ်ကာ လက်သီးနှစ်ဖ​က်အုပ်ကာ တလေးတစား ဂါဝရပြုလာတယ်။
"ကျွန်တော်မျိုးက သခင့်အမိန့်အရ သခင်လေးဆီ အလည်လာတာပါ"

လော့ဝေ့က အဲလူကိုကြည့်လိုက်ပေမဲ့ မမှတ်မိဘူးဖြစ်နေတယ်။

"မင်းအိမ်ရဲ့သခင်က ဘယ်သူလဲ"

အမျိုးသားက ဆောင်းတွင်းအင်္ကျီတစ်စုံကို ထုတ်ပြီး ဖြေလိုက်တယ်။
"သခင်ပြောတာကတော့ သခင်လေး ဒီဆောင်းတွင်းအင်္ကျီကိုမြင်တာနဲ့ သူဘယ်သူဆိုလဲသိပါမယ်တဲ့"

လော့ဝေ့က ချီဇီကို အမူအရာလှမ်းပြလိုက်တယ်။ ချီဇီက ပြေးသွားပြီး လော့ဝေ့ဆီ အင်္ကျီယူလာတယ်။
"သခင်လေး"
ဝေ့လန်က လော့ဝေ့ ဒီအင်္ကျီတွေကို လှမ်းထိမလို့လုပ်နေတာမြင်တော့ အလျင်အမြန်လှမ်းတားလိုက်တယ်။

လော့ဝေ့လက်ကို ပြန်ရုတ်လိုက်ပြီး အာရုံစိုက်ကာ အင်္ကျီကိုစိုက်ကြည့်နေတယ်။

ဝေ့လန်ကလည်း ဒီအင်္ကျီတွေကိုကြည့်တော့ ရင်းနှီးနေသလို ဖြစ်နေတယ်။

လော့ဝေ့အတည်ပြုလို​က်တယ်။ ဒါတွေက သူ မြောက်ပိုင်းယန်ရဲ့ မင်းသား(၃) စီမာ့ချင်းရှ ကိုယဲ့ကျားမြို့မှာပေးခဲ့တဲ့ အဝတ်အစားတွေပဲ။ အင်္ကျီတွေကိုမှတ်မိသွားတဲ့နောက် လော့ဝေ့ကပြုံးရွှင်စွာ ပြောလိုက်တယ်။
"အိမ်တော်ထဲ ကျုပ်နောက်လိုက်ခဲ့ပါ"

ပေါ်ဟွားရဲ့ အစေခံက လော့ဝေ့ကို ဝင်ပေါက်မှာစောင့်နေတာကြာပြီ။ လော့ဝေ့ ဧည့်သည်ခေါ်လာတာမြင်တော့ သူရှေ့လာပြီး လော့ဝေ့နဲ့စကားမပြောရဲတော့ဘူး။ လော့ဝေ့က ဧည့်သည်ကိုသူ့ခြံဝန်းဆီ တန်းခေါ်သွားတာမြင်တော့ ပေါ်ဟွားကိုတင်ပြဖို့ အလျင်စလို ပြေးသွားခဲ့တယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now