သန့် - " ဟုတ်ကဲ့ပါ မမရဲ့... အသန့်လေးက အော်တာ မဟုတ်ရပါဘူး... အဲ့လို လေသံနဲ့ပဲ စကားပြောနေကျဟာကို... ပြီးတော့ အသန့်လေးကို အိမ်က လူတွေက ဘယ်သူမှ ကလေးလို့ မသတ်မှတ်ကြဘူးလေ... အဲ့ဒါကြောင့် အသန့်လေးက ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုစိုက်ပါတယ်... မမ စိတ်ပူတာကို သိတာပေါ့ အသဲတုံးကြီးရယ်... ဘာလဲ အခုလည်း ဖုန်းစောင့်နေတာ မလား... "
ကျွန်မ - " အံမယ်... စောင့်စရာလား... ဘာလို့ စောင့်ရမှာလဲ... "
သန့် " အို... စောင့်စရာပေါ့... ချစ်လို့ စောင့်ရမှာပေါ့..."
သန့်၏ စကားများကြောင့် ကျွန်မ ရယ်မောမိပေသည်။
သန့် - " ဟယ်... ဘာလို့ရယ်တာလဲ... အသန့်လေး ပြောတာ ရယ်စရာပါလို့လား... "
ကျွန်မ - " ဟင်... ရယ်လို့လား... ဘယ်သူက ရယ်လို့လဲ... အဟက်..."
ကျွန်မ ထပ်မံ၍ ရယ်လိုက်မိလေသည်။
သန့် - " ဟင်... အဲ့သည့်မှာလေ ရယ်တာ မဟုတ်လို့ ငိုတာလား..."
ကျွန်မ - " ဟယ်... မရယ်ပါဘူး... ဘယ်မှာရယ်လို့လဲ... ဟိဟိ"
သန့် - " ရယ်ပြန်ပြီ... အဖွားကြီး ရှင် ဘယ်လိုဖြစ်..."
ကျွန်မ - " ကလေးက အဲ့လို စိတ်တိုနေတာလေးကို အသည်းယားလို့... ရယ်မိသွားတာ... "
ကျွန်မ၏ စကားအဆုံး သန့်ဘက်မှ တိတ်ဆိတ်သွားလေ၏။
ကျွန်မ - " ဟင်... ဘာမှလည်း ပြန်မပြောဘူး... ကလေးရေ... အသန့်လေး... "
သန့် - " ရှင်... "
ကျွန်မ - " ဘာလို့ ဘာမှ ပြန်မပြောတာလဲ... "
သန့် - " စဉ်းစားနေတာ... ဒီတောသူမ ဘယ်တုန်းက စကားတတ်သွားတာလဲလို့ ... "
ကျွန်မ - " ငါ့ကို တစ်ခါတစ်လေ အကောင်းမြင်စမ်းပါဦးဟယ်... အားနေ ကြုံတာနဲ့ ဖဲ့မယ် ဆိုတာချည်းပဲ... "
သန့် - " မမကို မို့လို့ ဖဲ့တာပေါ့... တခြား ဘယ်သူ့ကို ဖဲ့ရမှာလဲ... တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ယောက်ပဲ ချစ်ဖူးခဲ့တဲ့ဟာ... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 11
Start from the beginning
