ယမင်း - " ဟင်... တကယ် မမျှော်ဘူးပေါ့... မမျှော်ဘူးသာ ပြောနေတာ လူက ဖုန်းကို တကြည့်ကြည့်နဲ့... "

ကျွန်မ - " နာရီကြည့်တာပါအေ... "

ယမင်း နှင့် မိုးက ကျွန်မကို ကြည့်ရင်း ရယ်လိုက်ကြလေသည်။

ရယ်သံကို လွှမ်းအောင် ပေါ်ထွက်လာသည်မှာ ကျွန်မ၏ ဖုန်းringtoneပင်...

🎶 You raise me up... so, I can stand on mountains... You raise me up... to walk on stromy sea... I am strong, when I am on your shoulder...  🎶

ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်နှင့် သာယာလှသော ချစ်ရသူ၏ အသံကို ကြားလိုက်ရလေသည်။

ကျွန်မ - " Hello..."

သန့် - " Hello... မမ "

ကျွန်မ - " အင်း...အသန့်လေး..."

သန့် - "ခုနမှ ပြန်ရောက်တာ... အဲ့ဒါ ရောက်ရောက်ချင်း ထမင်းပြေးစားပြီး အခုမှ ဆက်လိုက်တာ... ရေတောင်မချိုးရသေးဘူး..."

ကျွန်မ - " ဟယ်... ကလေးရယ် ကိုးနာရီတောင် ထိုးတော့မယ်... ခြေလက်ပဲဆေးပြီး နားတော့... ရေမချိုးနဲ့တော့နော်... တစ်နေကုန် ပင်ပန်းထားတာ... ဖျားဦးမယ်... "

သန့် - " ဟုတ်ကဲ့ပါရှင်... အဲ့လောက်လည်း စိုးရိမ်မနေပါနဲ့... ကျွန်မက ကလေးမဟုတ်တော့ဘူး... ဟွန့်... "

ကျွန်မ - " ဟယ်... ၁၉ နှစ်ပဲ ရှိသေးတာ ကလေးမဟုတ်လို့ ဘာလဲ..."

သန့် - " ၁၈နှစ် ပြည့်ပြီးကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေပြီပဲ... ပြီးတော့ အသန့်လေးက ၁၇နှစ် ကတည်းက တစ်ယောက်တည်း နေနေတဲ့သူပဲဟာ... ပြီးတော့ တတိယနှစ်တောင် ရောက်တော့မယ်... ပြီးတော့ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး... အသန့်လေးရဲ့ ရင့်ကျက်မှုက ရွယ်တူတွေထက် အများကြီးသာတယ်... "

သန့်၏ စကားများကို ကျွန်မ မျက်မှောင်ကျုံ့မိကာ

ကျွန်မ - " ဒါနဲ့ပဲ လူကြီး ဖြစ်သွားရောလား... အသန့်လေး ၁၉ နှစ် ဖြစ်သွားလည်း မမ အတွက်က ကလေးလေးပဲ... ပြီးတော့ မမကို တအားမအော်ပါနဲ့... မမနဲ့ အသန့်လေးက ၁၇နှစ်တောင် ကွာတာဆိုတော့ ခံယူချက်တွေကအစ မတူဘူး... မမကိုဆိုရင် အခုထိ အိမ်က လူတွေက ကလေးလို သတ်မှတ်ထားတုန်း... ပြီးတော့ မမက ကလေးကို စိတ်ပူလို့ ​ပြောတဲ့ဟာကို... "

The Rope (Own Creation)Where stories live. Discover now