နောက်ဆုံးတွင် ယန်ရှို့က လေးစားမှုအပြည့်ဖြင့် သက်ပြင်းချ၍ ပြောဆိုလိုက်သည်။ "မင်းတို့အားလုံးက မှန်မှန်ကန်ကန် ခန့်မှန်းနိုင်တာပဲ… ဂျိချင်ရဲ့ ပေါက်ကွဲမှုမြင့်တက်ခြင်းနဂါး ဆေးလုံးက သံသယဖြစ်ဖွယ်ရာမရှိ အဆင့်အမြင့်ဆုံးအဆင့်ပဲ… အဲဒါက မီးဓာတ်သဘာဝ ကျင့်စဉ်ပညာရပ်တွေကို ကျင့်ကြံတဲ့ သိုင်းပညာရှင်တွေအတွက် အင်မော်တယ်ဆေးတစ်လုံးနဲ့ အတူတူပဲ….."

ထုံယုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ဤနေရာတွင် လုံးဝပင် ကျောက်ရုပ်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။ စကားနှစ်ခွန်းကသာ သူ၏ခေါင်းထဲတွင် ထပ်ကာထပ်ကာ ပေါ်ထွက်နေခဲ့သည်။

"အဆင့်အမြင့်ဆုံးအဆင့်… အဆင့်အမြင့်ဆုံးအဆင့်….."

အဆင့် (3) အဆင့်မြင့်ဆေးလုံးရဲ့ အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံး… ဒါက…..

"ငါနားကြားမှားတာပဲ ဖြစ်လိမ့်မယ်… ငါနားကြားမှားတာပဲဖြစ်မှာ သေချာတယ်… အလယ်အလတ်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာတစ်ယောက် ဖော်စပ်ခဲ့တာက အဆင့်(3) အဆင့်မြင့်ဆေးလုံးရဲ့ အဆင့်အမြင့်ဆုံးအဆင့်တဲ့… ဒါက ငါသိထားတာတွေနဲ့ ကွာခြားနေတာ မဟုတ်လား….." ထုံယုံချန်က သူတစ်ယောက်တည်း ထပ်ကာထပ်ကာ တိုက်တွန်းနေခဲ့၏။

ထိုသို့ဆိုသည့်တိုင် လူတိုင်းက သူ့ကို အာရုံစိုက်ခြင်း မပြုခဲ့ကြပေ။ လူတိုင်း၏မျက်ဝန်းများက
ယီယွမ်ဖော်စပ်ထားခဲ့သည့် ဆေးလုံးအပေါ်တွင်သာ ကော်နှင့်ကပ်ထားသလို ရှိနေခဲ့ကြသည်။

"တကယ်ပဲ အဆင့်အမြင့်ဆုံးအဆင့်… တကယ်ကိုပဲ အဆင့်အမြင့်ဆုံးအဆင့်… ငါတို့မြို့တော်မှာ ဒီလိုမျိုး အဆင့်အမြင့်ဆုံးအဆင့် အဆင့်(3)
အဆင့်မြင့်ဆေးလုံးတစ်လုံး ပေါ်ထွက်မလာခဲ့တာ နှစ်တွေဘယ်လောက်များ ကြာမြင့်နေခဲ့ပြီလဲ….."

"ဟုတ်တယ်… ဒီဟာက အဆင့်(3) ဆေးလုံးတွေရဲ့ အထွတ်အထိပ်အလုပ်ပဲ….အနည်းဆုံးအနေနဲ့ မှော်ဆေးပညာရှင် ဂရန်းမာစတာတွေထဲမှာ… မဟုတ်သေးဘူး… မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်တွေထဲမှာ ဒီလိုမျိုး ဆေးလုံးတစ်မျိုးကို ဖော်စပ်နိုင်ဖို့က မဖြစ်နိုင်ဘူး….." 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now