Chapter 248

1.4K 183 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၀ )

Chapter-12

စင်းချန်၏ မျက်နှာက ပျက်ယွင်းသွားခဲ့ပြီး ပြောဆိုလိုက်၏။ “ငါ့ရဲ့ ညီငယ်လေးက ဘာဖြစ်နေလို့လဲ…..”

“ဟားဟားဟား… မင်းရဲ့ ညီငယ်လေးက ဒီတစ်ကြိမ်မှာ သတ္ထုပြားကြီးတစ်ခုကို ကန်မိခဲ့တာလေ… သူက ကာကွယ်ရေး အဖိုးအခသွားတောင်းခဲ့ပေမဲ့ ပြန်ပေးခဲ့ရတယ်လေ… အို… အခြားတစ်ဖက်က အသစ်ဝင်ရောက်လာတဲ့ လူသစ်လေးပဲ… သူကအဆင့်(2) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ပဲ ရှိသေးတယ်လို့ ကြားထားတယ်… ကျွတ် ကျွတ်… စင်းယုဆိုတဲ့ ကလေကချေလေးက နေ့တိုင်းပဲ တကယ်ကို ဆုတ်ယုတ်အားပျော့လာခဲ့ပြီ…..” ချူးဖန်းက ရယ်မော၍ ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအရာကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရသူ အများအပြား မရှိခဲ့ပေ။ ချုးဖန်းကလည်း ထိုအကြောင်းကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားခဲ့ရ၍ အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသည်အထိ စင်းယုက အလွန်အမင်း ညံ့ဖျင်းလာသည်ဟုသာ ထင်မြင်ခဲ့၏။

ယီယွမ်က အလွန်
အစွမ်းထက်နေခဲ့ခြင်းကြောင့်ဟု သူတို့ကမထင်ခဲ့ကြဘဲ စင်းယုက တံတိုင်းတစ်ခုကို ဆုပ်ကိုင်ထားနိုင်ခြင်းပင် မရှိတော့ဘဲ ရွှံ့အဖြစ် ဆုတ်ယုတ်သွားသည်ဟု ခံစားခဲ့ကြခြင်းဖြစ်သည်။

စင်းချန်၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုက ထွက်ပေါ်လာခဲ့ပြီး အသံတိုးတိုးဖြင့် မေးမြန်းလိုက်၏။ “အဲဒီကလေကချေက နာမည်ဘယ်လိုခေါ်လဲ…..”

ချူးဖန်းက စိတ်ထဲမထည့်ခဲ့သော်လည်း ပြန်ပြောပေးခဲ့သည်။ “ငါကဘယ်လိုလုပ်ပြီး သိမှာလဲဟ… အဆင့်မမှီတဲ့ ငချွတ်ကလေးတွေကြားက ပြဿနာလေးတစ်ခုကို ငါကဘာလို့ ဂရုစိုက်မိမှာလဲ… မင်းကိုယ်တိုင် မြေကမ္ဘာအုပ်စုတန်းလျားကို သွားကြည့်လိုက်ရင် သိလာမှာ မဟုတ်ဘူးလား… ဘေးဖယ်… ဘေးဖယ်… ငါကမစ်ရှင်တွေ သွားရောက်ယူဆောင်ရဦးမယ်…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now